*213* မိုးကြိုးစမ်းသပ်မှု

5.2K 1K 38
                                    

ရုန်ယိ အရှိန်နှေးချကာ ပါဆီရိုကိုမေးလိုက်သည်။
"ဖာသာ.. ခင်ဗျားမှန်က မိုးကြိုးစမ်းသပ်မှုကို ခံနိုင်ရည်ရှိလား"

"မိုးကြိုးစမ်းသပ်မှု!"
တစ်ခြားကျင့်ကြံသူတွေဆီကနေပြီး လူတစ်ယောက်က မူလပထမအဆင့်ကနေစပြီး နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် မိုးကြိုးစမ်းသပ်မှုခံယူဖို့လိုကြောင်း ပါဆီရိုကြားဖူးသည်။ မိုးကြိုးစမ်းသပ်မှုက အလွန်အမင်းစွမ်းအားကြီးသည်။ ထိုအရာကို ဖြတ်ကျော်နိုင်တဲ့သူသာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ပေမည်။ ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကတော့ သူလည်း တစ်ခါမှကိုယ်တိုင်မမြင်တွေ့ဖူးသေး။
"ထင်ရတာဘဲ"

မှန်၏ အကာအကွယ်အစီအရင်က သူနဲ့လိုဂတ်စ်တို့ စီရင်ထားခြင်းဖြစ်တာကြောင့် သူတို့နှစ်ယောက်ပေါင်းစွမ်းရည်ကို သူယုံကြည်ချက်ရှိပေသည်။ ဒါက ခံနိုင်ရည်ရှိပါလိမ့်မည်။

"ဒီလိုဘဲဖြစ်ပါစေ"
ရုန်ယိ အတော်လေးစိတ်လေးနေမိသည်။ အခုလက်ရှိ သူ့ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအားတွေအကုန်လုံး အထိန်းအကွပ်မဲ့စွာ စီးဆင်းနေကြပုံမှာ အဆင့်ချိုးဖျက်ဖို့ ကြိုးစားနေကြဟန်ပင်။

ချီလန် နှုတ်ခမ်းထောင့်လေးပင့်ကာ သူ့ဘေးနားသွားလိုက်ပြီး ပြောလိုက်သည်။
"ရုန်ယိ.. မင်းသတိထားဦးနော်.. မိုးကြိုးစမ်းသပ်မှုထဲ သေမသွားစေနဲ့"

"စိတ်မပူပါနဲ့ ဆရာတူအစ်ကို.. အကယ်၍ ကျွန်တော်သေသွားခဲ့ရင် ခင်ဗျားကိုလည်း ဒီကမ္ဘာပေါ်မှာ တစ်ယောက်တည်းအသက်ရှင်လျက် မထားခဲ့ပါဘူး"

ချီလန်က အသာနှာခေါင်းရှုံ့ကာ
"ဘာလဲ အဲ့မိုးကြိုးတွေကိုသုံးပြီး ငါ့ကိုသတ်မလို့လား.. မင်းအစီအစဥ်က တလွဲဖြစ်နေတာ နှမြောစရာဘဲ.. လေဟာနယ်သန့်စင်မှုအဆင့်က မိုးကြိုးရိုက်ချက်နဲ့ မဟာယာနအဆင့်ကသူကို သတ်မယ်ပေါ့လေ.. အိမ်မက်မက်မနေနဲ့"

စကားဆုံးတာနဲ့ ကောင်းကင်ထက် နောက်ထပ်ပေါက်ကွဲမှုတစ်ခုဖြစ်သွားပြန်ကာ နားကွဲလောက်အောင်ကျယ်လွန်းတဲ့အသံကြောင့် မြေပြင်တောင်တုန်ခါသွားတာ ခံစားလိုက်ရသည်။

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now