*249* နဂါးဟိန်းသံ

1.4K 276 20
                                    

မင်ဖင်းယိုရဲ့အော်ဟစ်သံကြောင့် ကလေးတွေမှာ လန့်သွားကြ၏။

ကိုရင်လေးက သူ့လက်ထဲက ပုတီးလေးကိုတည်ငြိမ်စွာစိပ်ရင်း ရေရွတ်လာသည်။
"အော်မီတော်ဖော်"

ကျန်းမုက ပြောလိုက်သည်။
"ကျွန်တော်တို့ညီလေးကို မအော်ပါနဲ့"

မင်ဖင်းယို သူ့ပုံစံက သိပ်မသင့်တော်ကြောင်း သတိထားမိသွားတာကြောင့် အမြန် အပြုံးတစ်ခုလုပ်ယူလိုက်ပြီး
"ဒီတိုင်း အသံလေးနည်းနည်းကျယ်သွားတာပါ.. သူ့ကို အော်ဖို့မရည်ရွယ်ပါဘူး"

ထိုသို့ပြောလိုက်ပြီးနောက် သူ ကိုရင်လေးကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။

ယင်ထောင်က ကိုရင်လေးရဲ့လက်ကိုဆွဲကိုင်လိုက်ကာ
"လျှောပေါ်မှာ သွားကစားကြရအောင်"

ကလေးတွေသူနဲ့အတူ အပြင်ထွက်မှာမဟုတ်တာတွေ့တဲ့အခါ မင်ဖင်းယိုလည်း သူတို့ကိုဆွဲဆောင်ဖို့ တစ်ခြားနည်းလမ်းကိုသာ သုံးရတော့သည်။
"ချယ်ရီသီးလေး.. စန်စန်.. ဦးဦး ကြားထားတာ.. ကွေးလင်မြို့ထဲမှာ စားသောက်ဆိုင်အသစ်တစ်ဆိုင် ဖွင့်ထားတယ်တဲ့.. အဲ့က စားစရာတွေက ထူးထူးခြားခြားကိုအရသာရှိတာတဲ့... မင်းတို့သွားချင်ကြလား"

ယင်ထောင်က အကာအရံလေးကိုမှီကာ မေးလာသည်။
"တစ်ကယ်လား"

"ဒါပေါ့.. ဦးဦးတို့ အခုမသွားရင် အရသာရှိတဲ့စားစရာတွေအကုန် ရောင်းကုန်သွားတော့မှာ"

ယင်ထောင်မှာ လက်ချောင်းထိပ်လေးတွေ တတိတိကိုက်နေရင်း သူ့အဖေနဲ့ စားစရာကြားမှာ ဝေခွဲမရဖြစ်နေ၏။
စားစရာလား.. အပြစ်ပေးခံရတာလား..

ထိုအချိန် ရန်ချိုးရွှမ်က စားစရာပန်းကန်အနည်းငယ်နဲ့ ရောက်လာလေသည်။
"အရသာရှိတဲ့မုန့်တွေ လာပါပြီရှင်"

ထိုစကားကြားတာနဲ့ ကလေးတွေမှာ ချက်ချင်းဘဲ မင်ဖင်းယိုကို နောက်ပို့ထားလိုက်ပြီး ရန်ချိုးရွှမ်ဘေးနား ပြေးသွားကြတော့၏။

ထိုအခါ မင်ဖင်းယိုမှာ တွန့်ဆုတ်စွာနဲ့ သူ့ခြံထဲကို ပြန်လှည့်ထွက်သွားတော့သည်။

သူမရဲ့မောင်ဖြစ်သူက အပြင်ဘက်ကနေပြန်လာတာ တွေ့လိုက်ရတာကြောင့် မင်ဖင်းကျယ် ထူးဆန်းစွာ မေးကြည့်လိုက်သည်။
"ဖင်းယို.. နင် ဘယ်တုန်းက အပြင်ထွက်လာတာလဲ.. ဘာလို့ ငါတို့ နင့်ကိုမတွေ့လိုက်ရတာလဲ.. နင်ဆေးလုံးသန့်စင်တာက ပြီးသွားပြီလား"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now