*201* ပထမဆုံးအတွင်းကျကျရင်းနှီးမှု

7.7K 1.1K 75
                                    

ရှန်းလွီ့မှာ ကူကယ်ရာမဲ့မှုရော အတော်လေးရယ်ချင်သလိုပါ ခံစားလိုက်ရသည်။
"ယင်မိသားစုက ပျက်စီးသွားပြီလေ။ သူ့မိဘတွေ တုံထန်းက ယင်မိသားစုကိုရောက်လာတာကို သခင်ယင်အနေနဲ့ ဆက်စောင့်ဖို့မှ မဖြစ်နိုင်တော့တာ။ နောက်တော့ သခင်ယင်လည်း သူ့ကိုပါခေါ်ပြီး ပေပနယ်မြေကို ထွက်သွားတယ်။ သူ့နာမည်ကိုလည်း သူ့ဘဝတစ်လျှောက် ဘာစိုးရိမ်ပူပန်မှုမှ မရှိရအောင်မျှော်လင့်ပြီး ယင်ဝူလွီလို့ပေးခဲ့ပြီး အိမ်ခေါ်နာမည်ကတော့ ယောင်အာပေါ့ သူလည်း တစ်ခြားကလေးတွေလို သခင်ယင်ကို အဖေလို့ခေါ်တော့.. သေချာပေါက် ဆရာ့ကို ဖေဖေလို့ခေါ်ရမှာပေါ့"

"ခင်ဗျားတို့ သူ့မိဘတွေကိုရှာဖို့ လူမလွှတ်ခဲ့ဘူးလား"

"လွှတ်ခဲ့တာပေါ့.. ဒါပေမဲ့ ရှာမတွေ့ခဲ့ဘူးလေ.. ပြီးတော့ သူ့မိဘတွေ လျှို့ဝှက်နယ်မြေကထွက်လာပြီးတော့ ဘယ်ကိုအပို့ခံလိုက်ရလဲမှ မသိတာ"

"ဒီကလေးက ကျွန်တော်တို့နဲ့နေဖို့ ကံပါလာတာဘဲ..အာ.."
ရုန်ယိ ရှန်းလွီ့ကို အသံပို့ကာ မေးလိုက်သည်။
"ကျွန်တော်က တစ်ခြားရုန်ယိဆိုတာ ကျန်းမုနဲ့ ချယ်ရီသီးလေးရော သိလား"

ရှန်းလွီ့လည်း အသံပို့ပြီး မသေချာမရေရာစွာနဲ့ ပြန်ဖြေလာသည်။
"သိလောက်မယ်ထင်တာဘဲ.. မဟုတ်ရင် သူတို့ ဆရာ့ကိုတွေ့တုန်းက ဒီလောက်ဝမ်းနည်းတကြီး ငိုကြမှာမဟုတ်ဘူးလေ..သူတို့က ဆရာ သူတို့ကို စွန့်ပစ်သွားတယ်လို့ဘဲ ထင်နေကြတာ"

တစ်ခြားကလေးတွေကို ပြောပြထားတဲ့သူက ယင်စန်စန်ဆိုတာ ရုန်ယိခန့်မှန်းလိုက်မိသည်။
"ဟိုရုန်ယိရော.. သူအခုဘယ်မှာလဲ"

ရှန်းလွီ့ကခေါင်းခါပြကာ
"မသိဘူး.  သူက အငွေ့လိုဘဲ အရိပ်တောင်မမြင်ရဘဲ လေထဲတင်ပျောက်သွားပြီး တစ်ခါမှ ပေါ်မလာတော့ဘူး.. သူဘယ်မှာလဲဆိုတာ ဘယ်သူမှမသိကြဘူး"

"ကျင်းရဲ့ရော သူ့ကို လူလွှတ်ရှာခဲ့သေးလား"

"ရှာတာပေါ့.. ဒါပေမဲ့ သဲလွန်စလေးတစ်ခုတောင် မရခဲ့ဘူး"

"ရွှမ်းယိခန်းမရဲ့ အစွမ်းနဲ့တောင်မှလား"

ရှန်းလွီ့က မျက်မှောင်ကြုတ်ကာ
"သူ့ခန္ဓာကိုယ်ကို ဝင်ပြီးအပိုင်စီးချင်တဲ့လူက ရှေ့ဖြစ်ဟောတဲ့ နိမိတ်ဖတ်ဆရာတစ်ယောက်ဘဲ.. သေချာပေါက် ကျွန်တော်တို့ ရှာနေတာကနေ လွတ်အောင်ရှောင်နိုင်မှာပေါ့"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now