*230* ငါ့လူကအရမ်းချမ်းသာတာဘဲ

2.6K 436 11
                                    


ယင်ကျင်းရဲ့ သူ့အတွက် ပြုလုပ်ပေးထားတဲ့ဝတ်စုံလေးကို တစ်ခြားသူဆီမှာ ရုန်ယိ အရှုံးမခံချင်ပေ။
"အကယ်၍ အဆင့်တူ မှော်လက်နက်ဆိုရင်တော့ ကျွန်တော် မရှုံးလောက်ဘူးထင်တာဘဲ.. ဒါပေမဲ့ တစ်ဖက်လူက အဆင့်ပိုမြင့်တဲ့ မှော်လက်နက်ကို သုံးလာမယ်ဆိုရင်တော့ ဒါက ပြောဖို့ခက်သွားပြီ"

"ရာစုနှစ်အစည်းအဝေးပွဲမှာ အဆင့်တူ ပစ္စည်းတွေဘဲ ယှဥ်ပြိုင်ခွင့်ရှိတယ်.. မဟုတ်ရင် အဆင့်နိမ့်ကျင့်ကြံသူတွေအတွက် မမျှတဘူးလေ"

ထိုအခိုက် ပန်းရောင်ဝတ်စုံနဲ့အမျိုးသမီးက အပြာရောင်ဝတ်စုံနဲ့အမျိုးသမီးကို မေးလိုက်၏။
"ကောင်းပြီလေ.. ငါ နင်စိန်ခေါ်တာကိုလက်ခံတယ်.. နင့်ရဲ့ မှော်ပစ္စည်းက အဆင့်ဘယ်လောက်လဲ"

အပြာရောင်ဝတ်စုံနဲ့အမျိုးသမီးက ဂုဏ်ယူစွာပြောလာသည်။
"အဆင့်၂ ထိပ်တန်း နင့်ဟာကရော"

"ငါ့ဟာရောဘဲ.. ငါ့ဝတ်စုံပေါ်မှာ ထိုးထားတဲ့ပန်းပွင့်တွေက နှစ်သုံးရာ ရွှေချည်မျှင်တွေကိုသုံးထားတာ.. အဆင့်၂ ထိပ်တန်းအဆင့် အောက်က မှော်လက်နက်အားလုံးရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတယ်"

အပြာရောင်ဝတ်စုံနဲ့အမျိုးသမီးက မျက်လုံးတွေမှေးစင်းလိုက်မိကာ
"နှစ်သုံးရာ ရွှေချည်မျှင်"

ရုန်ယိ သူ့ဝတ်စုံလက်ကို လိပ်တင်ကာ ချည်ထိုးဖို့ဘာသုံးထားလဲ ကြည့်လိုက်ပြီး ယင်ကျင်းရဲ့ကို ပြုံးပြလိုက်သည်။
"ကျွန်တော့်ဟာက နှစ်တစ်ထောင်ရွှေချည်ဘဲနော်.. မဖြစ်နိုင်တာ!. နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးငါးဆယ်တဲ့လား ဘယ်လိုမှမဖြစ်နိုင်ဘူး"

ယင်ကျင်းရဲ့ ရယ်ချင်နေတဲ့ပုံနဲ့ သူ့ခေါင်းကိုပွတ်ပေးလိုက်ကာ
"ကိုယ်ပြောတဲ့ နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးငါးဆယ်ဆိုတာ ပိတ်စဝယ်တဲ့စျေးလေ.. ကျန်တဲ့ပါဝင်ပစ္စည်းတွေကတော့ မတွက်ထားဘူး.. ဒါပေမဲ့ တစ်ကယ်လည်း နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးငါးဆယ် မကပါဘူး"

ရုန်ယိ "!!!"

ပိတ်စသီးသန့်ချည်းဘဲကို နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံးငါးဆယ် ကျတယ်တဲ့လား....

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now