*228* ဒါတစ်ကယ်ဘဲငါလား

2.6K 449 13
                                    

ချီလန်ရောက်သွားတဲ့အချိန်မှာ ယင်ကျင်းရဲ့က ရုန်ယိကိုလက်ချင်းထပ်ကာ သူ့နာမည်စာလုံးရေးနည်းကို သင်ပေးနေလေသည်။

သူတို့က တစ်ခုံတည်းမျှထိုင်နေကာ ရုန်ယိက ယင်ကျင်းရဲ့ ခြေတံတွေကြားထိုင်နေပြီး ယင်ကျင်းရဲ့ရင်ဘက်ဆီမှီထားလေကာ ယင်ကျင်းရဲ့ကတော့ ရုန်ယိပုခုံးပေါ်မေးတင်ထားပြီး လက်ချင်းထပ်ကာ နာမည်နှစ်လုံးကို ရေးနေသည်။

"ဒီစာလုံးတွေက ရုန်ယိ"
ရေးပြီးနောက် ယင်ကျင်းရဲ့က အသံထွက်ကာ ဖတ်ပြလာသည်။

ရုန်ယိပြုံးလိုက်ကာ
"ကျွန်တော်က ရှေးဟောင်းစာလုံးပုံစံကို မှတ်တာတော့မှတ်နိုင်တယ်.. ဒါပေမဲ့ ချမရေးတတ်ဘူး..တစ်ခါတစ်လေဆို စုတ်ချက်တွေမမှတ်မိဘူး.. ခင်ဗျားသိတဲ့အတိုင်း  ကျွန်တော့်လက်ထဲ စုတ်တံရှိနေပေမယ့် ခင်ဗျား အသေးစိတ်တော့ရေးဆွဲလို့မရဘူးလေ"

သူ ဘောပင်တစ်ချောင်းထုတ်ကာ ရုန်ယိဆိုတဲ့ စာလုံးနှစ်လုံးကို ရေးပြလိုက်သည်။

"ရှေးဟောင်းစာလုံး"

ရုန်ယိ ရှင်းပြလိုက်သည်။
"ကျွန်တော့်အတွက်တော့ ခင်ဗျားတို့ရေးတဲ့စာလုံးတွေက စုတ်ချက်တွေအများကြီးပါတဲ့ ရှေးဟောင်းစာလုံးတွေဘဲ.. ကျွန်တော်တို့ဆီကလူတွေက ရိုးရှင်းတဲ့စာလုံးပုံစံတွေကို သုံးကြတာ..ခင်ဗျားတို့ဆီကစာလုံးတွေထက် ပိုပြီးရိုးရှင်းသလို ကျွန်တော်တို့က စာရေးဖို့ စုတ်တံကိုလည်းမသုံးကြဘူး"

လွန်ခဲ့တဲ့သုံးနှစ်ကလည်း ရုန်ယိ ဒီလိုပုံစံမျိုးရေးပြဖူးတာ ယင်ကျင်းရဲ့ သတိရလိုက်သည်။
"ဒါက ကိုယ်တို့ရဲ့စာလုံးတွေထက် ပိုရိုးရှင်းတာဘဲ.. မင်းမှာ အချိန်ရှိရင် ဒီစာလုံးတွေမှတ်မိအောင် ကိုယ့်ကို သင်ပေးလို့ရတာဘဲ"

"ကောင်းပြီလေ"
ရုန်ယိ လှည့်ကာ ယင်ကျင်းရဲ့မျက်နှာကို လှမ်းနမ်းလိုက်သည်။ ဒါပေမဲ့လည်း အေးစက်စက်အရာကိုသာသွားထိမိကာ သူ့နှုတ်ခမ်းတွေအေးခဲသွားပြီ ပါးစပ်ဖွင့်မရတော့။

သူ့ပါးစပ်ကိုစမ်းကြည့်လိုက်တဲ့အခါ မာတောင့်တောင့်အခဲကိုသာ စမ်းလိုက်မိသည်။ သူခေါင်းအမြန်မော့လာကာ သူ့ပါးစပ်သူလက်ညှိုးထိုးပြပြီး
"အင်း... အင်း.. အင်း..."

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now