*206* သုံးစားမရတော့ဘူး

6.3K 1K 119
                                    

ရှန်းလွီ့ "......"

ပုချီမှာ ဆွံ့အသွားရသည်။
"ဒေါင်းဖြူ.. မင်းဟာက ငါတို့ကို ဆွဲချနေတာမဟုတ်ဘဲ ကူညီနေတာ သေချာရဲ့လား"

ဒီအခြေအနေကြီးမှာ ဘယ်သူဘဲနိုင်နိုင် အကောင်းမရှိပါပေ။

ဒေါင်းဖြူက ပြန်ငြင်းလာ၏။
"ဘယ်လိုဘဲဖြစ်ဖြစ် ကျင်းရဲ့ လူစသတ်တော့မှာထက်စာရင်တော့ တော်ပါသေးတယ်.. ဟုတ်ပြီလား"

ပုချီ "....."

"ငါသဘောတူတယ်"
ဆရာသခင်ရှန်းယက ဒေါင်းဖြူပြောတာကို ထောက်ခံလိုက်သည်။ သူအစကတည်းက သူ့တပည့်ကတောင် ဆရာတင်လိုက်တဲ့ ရုန်ယိရဲ့ လက်နက်သန့်စင်တဲ့အရည်အချင်းကို တွေ့ရဖို့ စီစဥ်ထားတာဖြစ်လေသည်။

ရှန်းလွီ့ သူ့ဆရာကို ခေါ်လိုက်သည်။
"ဆရာ..."

ဆရာသခင်ရှန်းယက သူ့ကိုတစ်ချက်ကြည့်ကာ
"ဘယ်သူက မင်းဆရာလဲ"

"......"
ရှန်းလွီ့မှာ ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်ချလိုက်မိပြီး
"ဆရာ.. ဒါက ဘာအဓိပ္ပါယ်မှမရှိတဲ့ ပြိုင်ပွဲတစ်ခုလေ"

ဆရာသခင်ရှန်းယက အေးစက်စွာ နှာခေါင်းရှုံ့ကာ
"ဘာလို့ အဓိပ္ပါယ်မရှိရမှာလဲ.. အနည်းဆုံးတော့ ငါက တပည့်ကိုတောင် သင်ကြားပေးနိုင်စွမ်းမရှိတဲ့ ပုလင်းလွတ်တစ်ခုဆိုပြီး လူတွေ မထင်ကြတော့ဘူးပေါ့"

ရှန်းလွီ့ "......"

ပုချီက ရှန်းလွီ့ကို အသံပို့ပြီး ပြောလိုက်သည်။
"ကျုပ်အမြင်တော့ ခင်ဗျားဆရာက သူ့မျက်နှာသူအဖက်ဆယ်ဖို့်လုပ်နေတာဘဲ.. မဟုတ်ရင် လူတွေက သူပြောသလိုမျိုးဘဲ သူက တပည့်ကိုသင်ကြားပေးနိုင်စွမ်း မရှိဘူးလို့ ထင်သွားကြလိမ့်မယ်"

"ဒါပေမဲ့..."
ရှန်းလွီ့ ယင်ကျင်းရဲ့ လက်မောင်းတွေကြားလဲနေတဲ့ ရုန်ယိကို ကြည့်လိုက်သည်။
"ဒါပေမယ့် ကျုပ်တို့ဆရာရဲ့ အရည်အချင်းအရဆိုရင် ကျုပ်ဆရာ ရှုံးဖို့ပိုများနေတယ်.. ဒီလိုဆို သူလူတွေရှေ့မှာ ပိုအရှက်ရသွားမှာ"

ပုချီက ခပ်အုပ်အုပ်ရယ်လိုက်ပြီး
"ဆရာ ဒီလောက်တောင် အသိစိတ်လွတ်နေတာ ခင်ဗျားလည်းတွေ့သားဘဲ..သူ မှော်လက်နက် သန့်စင်နိုင်မနိုင်ဆိုတာကတင် ပြဿနာတစ်ခုဖြစ်နေပြီ။ ပြောရမယ်ဆိုရင် ကျုပ်တို့ဆရာကို မရှုံးစေချင်ပေမဲ့လည်း အခု အဓိကဦးစားပေးက ခင်ဗျားဆရာရဲ့ဒေါသတွေ ပြေလျော့သွားစေဖို့ဘဲလေ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now