*245* မိုးကောင်ကင်ရဲ့အကူအညီ

1.6K 339 15
                                    

အဝတ်အိတ်ကိုဖွင့်ဖို့အသင့်ဖြစ်နေတဲ့ ကိုယ်ရံတော်မှာ ရပ်သွားပြီး ရုန်ယိကိုကြည့်လာသည်။

ရုန်ယိ ရှေ့ကိုလျှောက်လာပြီး စစ်ဆေးကြည့်လိုက်၏။
"ဒီအိတ်က မှော်ပစ္စည်းတစ်ခုဘဲ.. ဒီအတိုင်းတိုက်ရိုက်ကြီး သွားဖွင့်တာတွေ ဆွဲဖြဲတာတွေလုပ်လို့မရသလို ဖျက်ဆီးပစ်လို့လည်းမရဘူး.. မဟုတ်ရင် ကြပ်သထက်ကြပ်လာပြီး အထဲကလူမသေမချင်း ညှစ်သတ်လိုက်လိမ့်မယ်"

ယင်ကျင်းရဲ့ ဒီလိုမှော်ပစ္စည်းမျိုး အရင်ကတွေ့ဖူးတာကြောင့် ဝိညာဥ်စွမ်းအားသုံးကာ အဝတ်အိတ်ကို ပျော့ပြီး ပြေကျလာတဲ့အထိ ရေလောင်းထည့်ပေးလိုက်သည်။

သူ့လူတွေ အိတ်ကိုဖြေးဖြေးချင်းဖွင့်လိုက်တဲ့အခါ လှပပေမဲ့ ဖြူစုတ်နေတဲ့မျက်နှာတစ်ခု ထွက်ပေါ်လာလေသည်။ အထဲကလူက တစ်ကယ့်ကို ရန်ချိုးရွှမ်ဖြစ်ကာ စူးရှရှအလင်းရောင်နဲ့ အသားမကျသေးတာကြောင့် မျက်လုံးတွေတင်းတင်းစေ့ပိတ်ထား၏။

ရုန်ယိ စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။
"အမေ"

အပြင်ဘက်ကနေရောင်နဲ့ အသားကျသွားပြီးနောက် ရန်ချိုးရွှမ် ဖြေးဖြေးချင်း မျက်လုံးဖွင့်လာကာ ရုန်ယိကို အနည်းငယ်တောင့်တင်းစွာ ပြုံးပြလာသည်။

"အမေ့ကို မြေမြှုပ်ထားရတဲ့အထိတောင်မှ.... သူတို့တော်တော် ရက်စက်ယုတ်မာကြတာဘဲ"
ရုန်ယိ ဆေးတစ်လုံးထုတ်ကာ သူ့အမေရဲ့ပါးစပ်ထဲ အသာထည့်ပေးလိုက်သည်။

တစ်ခဏလောက်ကြာတဲ့အခါ ရန်ချိုးရွှမ် သူမခန္ဓာကိုယ်က တောင့်တင်းမနေတော့ဘဲ ဝိညာဥ်စွမ်းအားတွေ တဖြေးဖြေးပြန်ရလာပြီဖြစ်တာကြောင့် နှုတ်ဟကာပြောလာသည်။
"ရှောင်ယိ..."

ရုန်ယိ သူမကိုထိုင်နိုင်အောင် အမြန်ထူပေးလိုက်၏။
"အမေ... ပိုအဆင်ပြေလာပြီလား"

ရန်ချိုးရွှမ် သူ့လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လာသည်။
"ရှောင်ယိ.. သား... တစ်ကယ် မင်းဘဲ"

"ဟုတ်.. ကျွန်တော်ပါ... ကျွန်တော်ပြန်လာပြီ"

ရန်ချိုးရွှမ်မှာ မျက်ဝန်းထောင့်တွေရဲတက်လာရင်း ပြောလာသည်။
"မင်းပြန်လာမဲ့နေ့အထိ အမေ မစောင့်နိုင်တော့ဘူးလို့ ထင်နေခဲ့တာ"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now