*218* အရမ်းချစ်ဖို့ကောင်းကြတာဘဲ

4.8K 874 63
                                    

ယင်သခင်မကြီးက အိမ်တော်ထဲကထွက်တာနဲ့ သူတို့လူစုကို ရှီယန်အိမ်တော်ကိုခေါ်သွားလေသည်။ ထိုနေရာကတော့ ကိတ်တွေ သစ်သီးတွေ လက်ဖက်ရည်နဲ့ တစ်ခြားစားသောက်စရာတွေကိုသာ သီးသန့်ရောင်းချသောနေရာပင်။

ဆိုင်ထဲရောက်တာနဲ့ ယင်သခင်မကြီးက ဆိုင်ထဲမှာရှိတဲ့ ဒီနေ့တွင်းချင်းပြုလုပ်ထားတဲ့ စားစရာတွေအကုန် ထုတ်ပိုးခိုင်းလိုက်သည်။ တစ်ဝက်က သူမရဲ့မိဘတွေအတွက် ဖြစ်ပြီး ကျန်တစ်ဝက်က ကလေးတွေအတွက်ပင်။

ယင်သခင်မကြီး စိတ်ဝိညာဥ်ကျောက်တုံးတွေ ထုတ်လိုက်တာတွေ့တဲ့အခါ ရုန်ယိ သူမကို လှမ်းတားလိုက်၏။
"အမေ.. ကျွန်တော်တို့ပေးလိုက်မယ်လေ.. ပြန်သိမ်းထားလိုက်ပါ"

ယင်သခင်မကြီးလည်း မငြင်းတော့... စိတ်ထဲ ပျော်ရွှင်ကြည်နူးသွားမိသည်။
"ဒါဆိုလည်း ကျေးဇူးပါ ရှောင်ယိရေ"

ရုန်ယိ ဆိုင်ရှင်ကို မေးလိုက်သည်။
"အားလုံးပေါင်း ဘယ်လောက်ကျတာလဲ"

"ထိပ်တန်းစိတ်ဝိညာဥ်ကျောက်တုံး သုံးထောင့်တစ်ရာနှစ်ဆယ်ပါ"
ဆိုင်ရှင်က သူ့ပေသီးနဲ့ တွက်ချက်ရင်း ဆက်ပြောလာသည်။
"သခင်လေးတို့က ဒီနေ့ဆိုင်မှာရှိသမျှ အကုန်ဝယ်သွားကြတာဆိုတော့.. သုံးထောင်ဘဲ ထားလိုက်ပါ့မယ်"

အဓိကအကြောငး်အရင်းကတော့ မြို့သခင်ပါ ဒီမှာရှိနေတာကြောင့်.. သူ စျေးအများကြီးမတောင်းရဲပေ။

ရုန်ယိ ပေးခါနီးကျမှ ခေတ်သစ်က စိတ်ဝိညာဥ်ကျောက်တုံးတွေက ဒီမှာ သုံးလို့မရတာ ရုတ်တရက် သတိရသွားသည်။ ဒါနဲ့ သူအနေရခက်ခက်နဲ့ဘဲ ယင်ကျင်းရဲ့ကို လှည့်ကြည့်လိုက်ရ၏။

ယင်ကျင်းရဲ့က သူ့နားရောက်လာကာ မေးလာသည်။
"ဘာဖြစ်လို့လဲ"

ရုန်ယိ သူ့နားနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
"ငွေရှင်းပေးဦး"

ယင်ကျင်းရဲ့မှာ အနည်းငယ်ကြောင်အသွားပြီးမှ ရယ်ချင်သွားရသည်။ ထို့နောက် စိတ်ဝိညာဥ်ကျောက်တုံးတစ်အိတ်ထုတ်ကာ ဆိုင်ရှင်ကို လှမ်းပေးလိုက်သည်။

ရုန်ယိ စိတ်တိုစွာနဲ့ သုန်မှုန်နေကာ
"ခင်ဗျား ဘာကိုရယ်နေတာလဲ.. ကျွန်တော် နောက်ပိုင်း ပိုက်ဆံရှာနိုင်ရင် ခင်ဗျားဆီက မသုံးတော့ပါဘူးနော်"

[Book-2]ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now