Part - 1 ( Zg + Uni)

15.4K 408 17
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 1 )

" မွေးပါပြီ အစ်ကိုလေး ......အမွှာပူးကိုမှ
မိန်းကလေးတွေ ချည်းပဲ မွေးပါတယ်...
ဒါပေမဲ့ အကြီးဆုံး သမီးလေးက
အင်္ဂါနှစ်ခုနဲ့.... "

" ဘာ.....!!!  "

အော်လိုက်သော ဦးနိုင်စေမာန်  အသံကြီးက
ထိတ်လန့်စရာပေ။

လန့်လည်း လန့်လောက်စရာပါ။ မိန်းမ
အင်္ဂါ ၊ ယောင်္ကျားအင်္ဂါ တွဲလျက်ပါလာတဲ့
ကလေးက လူကို ခိုက်တတ်သည်။
လူတင်မက စီးပွားရေးကအစ ဖွတ်တက်မတတ်
ပြာကျသွားစေသည်။ အင်္ဂါနှစ်ခုဟု သတ်မှတ်ထား
သော ဒွိလိင်ပါလာတဲ့ ကလေးက
ထိုသို့သော ကံတရားရှိတတ်မှန်း ရန်ကုန်မြို့
တစ်ခုလုံး မှတ်ယူထားကြသည်။

" သွား အခုချက်ချင်း အင်္ဂါ နှစ်ခုပါတဲ့
ဒွိလိင်ကလေးကို သွားစွန့်ပစ်ချေ "

" မမလေး မေးလာရင် ဘယ်လိုလုပ်မလဲ အစ်ကိုလေး..."

" ကလေးနှစ်ယောက်မှာ တစ်ယောက်ပဲ အဖတ်တင်
တယ်လို့ ပြောလိုက်... အခုချက်ချင်း သွား
ပစ်ချေ "

" ဟုတ် အစ်ကိုလေး "

သူဌေးဖြစ်သူ အမိန့်ကို မလွန်ဆန့်နိုင်တဲ့
အသက်သုံးဆယ်ကျော် ဒေါ်တင်မြိုင် မှာ
စွန့်ပစ်ဖို့ လုပ်ရသည်။

" နေအုံး ဒေါ်တင်မြိုင်.....မွေးပေးတဲ့ ဆရာမ
ကိုပါ ပိုက်ဆံပေးပြီး နှုတ်ပိတ်ခိုင်းလိုက် "

" ဟုတ်ကဲ့ အစ်ကိုလေး "

လက်ထဲ ထိုးထည့်လာသော ပိုက်ဆံအထပ်လိုက်
ကို ဒေါ်တင်မြိုင် ယူရင်း သူမ သူဌေး
ခိုင်းတဲ့အတိုင်း ဒွိလိင်နှစ်ခုပါ မွေးကင်းစကလေး
လေးကို စွန့်ပစ်ဖို့ မမလေး အခန်းထဲ
ဝင်လာရသည်။

သူမ သူဌေး ပေးတဲ့ ပိုက်ဆံအထပ်လိုက်ကိုလည်း
မွေးပေးတဲ့ ဆရာမကို ပေးပြီး ဒွိလိင်မွေးတာ
ဘယ်သူမှ မသိစေနဲ့ဆိုပြီး နှုတ်ပိတ်ခပေးလိုက်သည်။
သားဖွားဆရာမမှာလည်း ပိုက်ဆံလည်း ရရော
အခန်းထဲကနေ ချက်ချင်းထွက်သွားခဲ့သည်။

ပုခက်တစ်ခုထဲ အမွှာလေးနှစ်ယောက်ကို ထည့်ထား
ပေးမယ့် ကလေးလေး နှစ်ယောက်စလုံးမှာ
ငိုနေကြသည်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now