Part - 61 ( Zg + Uni)

4.2K 219 9
                                    


☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 61  )

"  ထိုင်ပါအုံး  ကြိုဆိုပါတယ် .... "

ချိန်းတဲ့သူ ဘယ်​သူလဲဆိုတာ ဖြူဖြူ ရှာ​နေတုန်း
ရှေ့မှာ ထိုင်​​နေ​သော လူဆီက ​အသံ​ကြောင့်
မော့ကြည့်​လိုက်​ရာ ​တွေ့လိုက်​ရတဲ့
လူ​ကြောင့်​  မျက်​လုံးပြူးသွားမိသည်​။

" ရှင်... နိုင်စေမာန်. ..!! "

" ဟုတ်ပါသတဲ့.. ဘယ့်နှယ် ဦးတပ်ပြီး​တောင်
မခေါ်နိုင်တော့ပါလား...အဟက်..!!  "

ရွဲ့သလို မေးလာရင်း အဆုံးသတ်မှာ
ရယ်ချလိုက်သော ဦးနိုင်စေမာန် ကြောင့်
ဖြူဖြူ သိပ်ကို ရွံသွားမိသည်။

ဒါ့က ဖြူဖြူ အဖေတဲ့။ အဖေလို့တောင်
ခေါ်ဖို့မတန်တဲ့ လူကြီး။

လတ်စသပ်တော့ ဖြူဖြူ ကို ချိန်းဖို့ လုပ်တာ
သူကိုး။

" ခင်ဗျားက ဦးတပ်ခေါ်ဖို့တောင် မတန်ဘူး
နိုင်စေမာန်.. ဘယ့်နှယ် ကိုယ့် သားသမီးကို
စွန့် ပစ်ရုံတင် အားမရဘူး နှာထဖို့ပါ
လုပ်တဲ့ နှာဘူး "

" ကောင်းတာပေါ့ ငါ့ကလည်း နင့်ကို
ငါ့ သမီး အဖြစ် မသတ်မှတ်ဘူး
ငါ့ အတွက် သမီးဆိုတာ ချစ်သည်းမာန်
တစ်ယောက်တည်းပဲ ရှိတယ် "

ဒီလို တစ်ကိုယ်ကောင်း စိတ်ဓာတ်ရှိတဲ့လူကို
ဖြူဖြူ ပိုပြီးရွံမိသည်။ ဖြူဖြူ အဖေဖြစ်နေရင်
တောင်မှ။

"  မာသာတို့ ဂေဟာကို မီးရှို့တာ ရှင်မလား
ကျမကို သတ်ဖို့ လုပ်တာ "

" နင့်က ဥာဏ်ကောင်းသားပဲ ဒါပေမဲ့
ဘယ်လိုလုပ်မလဲ နင်​ ဥာဏ်ကောင်းရုံနဲ့
မရဘူးနော် သက်သေရှိမှ ဖြစ်မှာ "

" လူယုတ်မာ...!! အသေဆိုးနဲ့ သေသင့်တဲ့
လူ..!!  ဘာ ကိစ္စ မာသာတို့ကို
သေအောင် လုပ်ရတာလဲ ရှင် လုပ်ချင်ရင်
ကျမကို လုပ်လေ.. .!! သူတို့နဲ့ မဆိုင်ဘူး..!!  "

" ငါ့ကလည်း နင့်ပဲ သတ်ချင်တာပါ
ခက်တာက နင်က သူတို့နဲ့ အတူရှိနေ
တာလေ.. ဒီတော့ ခံလိုက်ကြပေါ့
မဟုတ်လည်း သူတို့က နင့်ကို
ကျွေးမွေးလာကြတာ သေသွားလည်း
အေးတာပဲ "

" ဗွမ်း..!!  "

မခံစားနိုင်တဲ့အဆုံး ရှေ့က အရက်ခွက်နဲ့
ဖြူဖြူ ကောက်ပက်ပစ်လိုက်သည်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now