Part - 69 ( Zg + Uni)

3.9K 190 4
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 69  )

" ကိုယ့် အပြစ်ကိုယ် သိတယ်နော် မောင်
မောင် လုပ်လို့ မိုက်ကယ် ကြိုက်နေတဲ့
ကောင်မလေးရဲ့ အဖေ လက်ကျိုးသွားတာ "

လွန်ကြိုးဖြူဖြူ ပြောတာကို ပြန်မဖြေဘဲ
ငြိမ်သက်နေသော ခေါင်ယံမှိုင်း ပုံစံက
မှားတာကို ဝန်ခံနေသည့်အလား။

ဦးနေယံ၊  ဒေါ်ဆုမြတ်ရှင်၊  ခြားနား၊ သွေးသစ်
၊ မိုက်ကယ် နဲ့ ခေါင်ယံမှိုင်းတို့ရဲ့ ကလေး
နှစ်ယောက်ကပါ ဘေးကနေ ငြိမ်သက်စွာ
နဲ့ ကြည့်နေကြသည်။

" မောင် ဘာလို့ အဲ့ဒီလိုလုပ်ရတာလဲ...??
အခု ငွေပေးလို့ ပြီးသွားပြီဆိုပေမဲ့
တစ်ဖက်လူက မောင်ကြောင့် ဆေးရုံ
တက်နေရပြီ... "

" ဒယ်ဒီ မမှားပါဘူး မာမီ.. .အဲ့ဒီ အဖိုးကြီးက
ပိုးငယ်တို့ကို လုပ်မှာစိုးလို့  ဒယ်ဒီက
လက်လိမ်ချိုးလိုက်တာ "

" သမီးကို မာမီ မေးနေတာ မဟုတ်ဘူး
ဝင်မပါနဲ့ ပိုးလွန်းငယ် "

မိခင်ရဲ့ စကားကြောင့် ပိုးလွန်းငယ် မှာ
အသံမထွက်ရဲဘဲ မဲ့တဲ့တဲ့လေးဖြစ်သွားလေသည်။
ထိုအချိန် ဆယ့်နှစ်နှစ်အရွယ် 
မြတ်ဘုန်းခေါင် မှာ မနေသာတော့ဘဲ....

" ဒီကိစ္စမှာ သားမှားတာပါ မာမီ ...
သားသာ ဦးမိုက်ကယ် ကြိုက်နေတဲ့
ကောင်မလေးရဲ့ အိမ်မှာ သီချင်းဆိုဖို့
အကြံမပေးခဲ့ရင် အခုလို ဖြစ်မှာ
မဟုတ်ဘူး... ဒါဆို ဒယ်ဒီလည်း
ဟိုဦးလေးကြီးကို လက်လိမ်ချိုးမိမှာ
မဟုတ်ဘူး ...ဒါကြောင့် မာမီ အပြစ်
ပေးချင်ရင် သားကိုပဲ ပေးပါ "

" ဟင့်အင်း ဘုန်းခေါင်ကြောင့် မဟုတ်ဘူး
မာမီ.. ပိုးငယ်ကြောင့်..!!  ပိုးငယ်သာ
အဲ့ဒီအဖိုးကြီးကို ရန်မစခဲ့ရင် အခုလို
ဖြစ်မှာမဟုတ်ဘူး မာမီ အပြစ်ပေးချင်ရင်
ဘုန်းခေါင် ကို မပေးနဲ့ ပိုးငယ် ကိုပဲ​ပေး "

" ကိုကိုလို့  ခေါ်ဖို့ မာမီ သင်ထားတယ်နော်
ပိုးလွန်းငယ်... ဘာ ဘုန်းခေါင်လဲ..
ကာကွယ်ပေးနေတာကိုလည်း အခုရပ်.. "

" မငေါက်ပါနဲ့ ဒေါ်ဖြူဖြူကလည်း
မောင်တို့ရဲ့ ကလေးတွေကို "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now