Part - 34 ( Zg + Uni)

5.2K 242 3
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 34  )

သူ့ လက်တစ်စုံက ဖြူဖြူ ရင်ဖုံးအင်္ကျီ ပေါ်
ရောက်လာတော့ တစ်ကိုယ်လုံးက
တုန်ယင်သွားသည်။

" မလုပ်နဲ့...!!  "

အသားတွေ တဆက်ဆက်တုန်ပြီး
အော်လိုက်သော အသံသဲ့သဲ့လေးကြောင့်
ခေါင် လက်တွေရပ်တန့်သွားပြီး လွန်ကြိုးဖြူဖြူ
ကိုယ်ပေါ်ကနေ မထသေးဘဲ ကြည့်နေလေသည်။

လွန်ကြိုးဖြူဖြူ ကလည်း ခေါင်ကို ကြည့်ရင်း
နှုတ်ခမ်း တစ်စုံကလည်း တဆက်ဆက်တုန်လို့
နေ၏ ။

" ခင်ဗျားကို ကျုပ် ချစ်လို့ အခုလောက်ထိ
သည်းခံပေးနေခဲ့တာ... ကျုပ် သည်းခံမှု
တွေကို မစော်ကားနဲ့ ဒေါ်ဖြူဖြူ...
အသားနာတာထက် ခင်ဗျား ကျုပ်အပေါ်
ထင်ချင်တိုင်းထင်နေတဲ့ အတွေးကို
ကျုပ် အရမ်းမုန်းတယ်... တကယ်ဆို
ခင်ဗျားကို ကျုပ် လိုချင်ရင် ခင်ဗျား နဲ့
လက်ထပ်တဲ့ နေ့ကတည်းက ကျုပ်
ယူလိုက်​လို့ ရတယ်.. .ဒါပေမဲ့ ကျုပ် မယူ
ခဲ့ဘူး.. .ခင်ဗျားကို အရမ်းချစ်လို့
ခင်ဗျား သဘောကျ ကျုပ် နေပေးခဲ့တာ...
အခုတော့ ခင်ဗျားက ကွာရှင်းမယ့်
စကားကို လွယ်လွယ် ပြောရဲတယ်...
ခင်ဗျား ထင်နေလား ခင်ဗျား ကို
ကျုပ်က ကွာရှင်းပေးမယ်လို့...ဒါဆိုရင်
ခင်ဗျား မှားသွားမယ်.. .ခေါင်ယံမှိုင်း ဆိုတဲ့
ကျုပ်က ခင်ဗျားကို ဘယ်တော့မှ
ကွာရှင်းပေးမှာ မဟုတ်ဘူး.. ခင်ဗျား
ဘက်ကစပြီး ကျုပ်ဆီကို တိုးဝင်လာခဲ့ပေမယ့်
ကျုပ် ရင်ဘတ်က အဝင်ပဲ လွယ်တယ်
အထွက်တော့ ခက်တယ်.. .တစ်သက်လုံး
ခင်ဗျား ကို ကျုပ်က ဖက်တွယ်ထားမှာ
ကျုပ် ရာဇဝင်မှာ စွန့်လွှတ်ပေးတယ်
ကွာရှင်းပေးတယ်​ဆိုတာ မရှိဘူး... မနက်ဖြန်
ကျုပ် လန်ဒန်ကို ခရီးထွက်ရမယ်
အဲ့ဒါ တစ်ပတ်ကြာမယ် ကျန်းမာရေး
ဂရုစိုက် ဒေါ်ဖြူဖြူ  "

ဖြူဖြူ နှာခေါင်းကို အသာလေးထိရင်း
လူအပေါ် အုပ်မိုးထားတာတွေကနေ
အသာလေးထရင်း ကုတင်အောက်
ဆင်းသွားသည်။

ထို့နောက် ဖြူဖြူ ကို တစ်ချက်သာကြည့်ပြီး
ပြတင်းပေါက်ကနေ ခုန်ချကာ သူလာရာ
လမ်းအတိုင်း ပြန်သွားသည်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now