Part - 63 ( Zg + Uni)

3.8K 216 8
                                    


☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 63  )

" ဒယ်ဒီ အဲ့ဒီဒွိလိင်မကို ချစ်သည်း
အရမ်းမုန်းတယ် သူ့ကို တစ်ခုခုလုပ်ပေး
..သေသွားလေ ကြိုက်လေပဲ
သူ့ကြောင့် မာမီက ချစ်သည်း ကို ပါးရိုက်ဖို့
လုပ်​တယ် ချစ်သည်း ချစ်ရတဲ့
ခေါင်ယံကလည်း အဲ့ဟာမကို ကာကွယ်ပေး
နေတယ် ချစ်သည်း သူ့ကို အရမ်းတွေ
အမြင်ကပ်နေပြီ ဒယ်​ဒီ သူ သေတာ ချစ်သည်း
သိပ်ကို မြင်ချင်နေပြီ  "

မနက်​က ကိစ္စနဲ့ ပတ်​သက်​ပြီး ည​ရောက်​တဲ့အထိ
ချစ်​သည်းမာန်​ မ​ကျေနပ်​​သေးပါ။
လွန်​ကြိုးဖြူဖြူ ကို မြင်​ပြင်း​တွေကပ်​ပြီး
ဖခင်​ ဖြစ်​သူ အလုပ်​လုပ်​တဲ့  စာကြည့်​ခန်းထဲ
ထိလာကာ လူသတ်​ဖို့ကို အလွယ်​တကူ
ပူဆာ​နေ​လေသည်​။

" ဒါ လူသတ်မှုနော် သမီး.... မလုပ်ကောင်း
ပါဘူး "

အပြင်ပန်းမှာသာ မလုပ်ကောင်းဘူးပြော
နေပေမဲ့ အတွင်းစိတ်မှာတော့ သမီးဖြစ်သူ
ရဲ့ တောင်းဆိုမှုကြောင့် ဦးနိုင်စေမာန်
သိပ်ကို ပျော်နေပြီလေ။

" ဘာလဲ ဒယ်ဒီက အဲ့ဟာမကို သတ်မပေး
ချင်ဘူးလား... ပြောတော့ အဲ့ဟာမကို
မုန်းတယ် သမီးမတော်ချင်ဘူးဆို
အခုတော့ ဒယ်ဒီက ဘာလဲ ချစ်သည်း
ထက် အဲ့ကောင်မကို ပိုချစ်နေတာလား "

" ဘယ့်ကသာ ချစ်ရမှာလဲ... ဒယ်ဒီ
မှာ သမီးဆိုလို့ ချစ်သည်း တစ်ယောက်ပဲ
ရှိတာ  သူ့ကို တအားမုန်းလို့ မွေးမွေးချင်း
ဒယ်ဒီ စွန့်ပစ်ခဲ့တာပဲကြည့် "

" ဒါဆို သူ့ကို သတ်ပေးလေ ချစ်သည်း
အတွက်..... "

" ကောင်းပြီ ဒယ်ဒီ သတ်ပေးမယ်
သမီးသာ သူ သေမှာကို ထိုင်စောင့်ကြည့်နေ... "

" ရေးစ်.. ဒါမှ ချစ်သည်း ဒယ်ဒီကွ...
ဒယ်ဒီ သတ်ရင် ခြေရာ လက်ရာမကျန်အောင်
လည်း လုပ်အုံးနော် မ​တော်​လို့ ဒယ်​ဒီ
တစ်​ခုခုဖြစ်​သွားရင်​ ချစ်​သည်း အရမ်း
စိတ်​ပူ​နေမှာ  "

" စိတ်ချပါ ဒယ်ဒီ သမီးလေးရဲ့....
ဒယ်​ဒီ အတွက်​ ဘာမှစိတ်​မပူနဲ့ "

နှစ်ယောက်သား အပြုံးတွေနဲ့ ဖြစ်နေခဲ့ပေမဲ့
တကယ်တမ်း သူတို့ရဲ့ အပြုံးတွေဟာ
အတော်ကြောက်ဖို့ကောင်းနေတယ်ဆိုတာ
နှစ်ယောက်စလုံး မသိခဲ့ပါချေ။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now