Part - 26 ( Zg + Uni)

5.2K 265 12
                                    


☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 26 )

" ကျတော် ကြေအေးမပေးနိုင်ပါဘူး စခန်းမှူး...
သူ့ ကြောင့် ကျတော့် လက် ကျိုးသွားတာ
ပြန်ကောင်းဖို့ဆို အနည်းဆုံး သုံးလလောက်
ကြာတယ် "

" ဖြူဖြူ တောင်းပန်ပါတယ် ဦးလေး ရယ်..
ဦးလေး ပြန်စဉ်းစားပေးပါအုံးနော် "

" လုံးဝ စဉ်းစားမ​ပေးနိုင်​ဘူး "

" သေလိုက်လေ... အဲ့ဒီမှာ လဲသေလိုက်
ဘိုးတော်... ခင်ဗျား ဘာသာ ပြန်ကောင်း
ကောင်း မ​ကောင်း​ကောင်း ခေါင်ယံမှိုင်း ဆိုတဲ့
ကျုပ်က စောက်ဂရုမစိုက်ဘူး... ဒေါ်ဖြူဖြူ
ခင်ဗျားလည်း တောင်းပန်မနေနဲ့....
တောင်းပန်စရာ မလိုဘူး "

" ကြားလား စခန်းမှူး သူ ဒီလိုတွေ ပြောလို့
ကျတော့် က ပိုပြီး တရားစွဲချင်တာ...
ကျတော့် ကားရှေ့လည်း လာသေး ကျတော့်
လက်ကိုလည်း ချိုးသေး... သေတောင်
ခွင့်မလွှတ်ဘူး ဒီ​ကောင်ကို.. ကျတော်
သူ့ကို တရားစွဲမယ် စခန်းမှူး "

ဖြူဖြူ ပြေလည်အောင် အလည်က
ညှိပေးတာပင်မရ ခေါင်ယံမှိုင်း လုပ်လို့
တရားစွဲတာက ပိုပြီး အရာထင်သွားသည်။
စခန်းမှူး ကလည်း စိတ်ရှူပ်စွာနဲ့ ခေါင်းတွေ
ကုတ်နေ၏ ။

" ဖြူဖြူ တောင်းပန်ပါတယ် ဦးလေးရယ်.. .
တရားမစွဲပါနဲ့နော်...ဦးလေး ကျေနပ်အောင်
ဖြူဖြူ ဘာပြန်လုပ်ပေးရမလဲဟင်​ ...
တောင်းပန်ဆိုလည်း ဖြူဖြူ ​တောင်းပန်​ပေး
ပါ့မယ် "

" တောက်စ် ဒေါ်ဖြူဖြူ...!! ခင်ဗျား
တောင်းပန်စရာမလိုဘူးလို့ ကျုပ် ပြောနေတယ်
နော်.... "

" မင်း အသာနေ ခေါင်ယံမှိုင်း. ..ငါ
စိတ်တိုအောင်မလုပ်စမ်းနဲ့... ထောင်ထဲ
မဝင်ချင်ရင် မင်း အသာလေးနေ... "

" ထောင်ထဲ ဝင်ရလည်း ကျုပ် ဂရုမစိုက်
ဘူး ​ဒေါ်ဖြူဖြူ ...ကျုပ် ဂရုစိုက်တာက ဒီလူကို
ခင်ဗျား ထပ်မတောင်းပန်ဖို့ပဲ "

" ဒီက မိန်းကလေး ...ဒီကောင် ငါ့ကို
ဒူးထောက်တောင်းပန်မယ်ဆိုရင်
ငါ တရားမစွဲတော့ဘူး အမှုကို
ကြေအေးပေးမယ် "

" ဘာ.. ခင်ဗျား သေချင်တာလား ဘိုးတော်...! !
xီးလို တောင်းပန်ရမှာ ...တောင်းပန်မှုတော့
ခင်​ဗျား မရဘူး ကျုပ် xီးပဲ ခင်ဗျားရမယ်
xီး မအေဘေးကောင် ရဲ့ "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now