Part - 4 ( Zg+ Uni)

6.7K 342 6
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 4 )

ဖြူဖြူ ခေါင်ယံမှိုင်း ဆိုတဲ့ ကောင်လေးနောက်
လိုက်ရမှာကြောက်ပြီး ထွက်ပြေးမိသည်။

ပြေးလွန်းလို့ လူက ဟောဟဲဆိုက်နေပြီလေ။
နောက်မှာလည်း ဘယ်သူမှ ပါမလာမှ ဖြူဖြူ
သက်ပြင်းချနိုင်သည်။

ခေါင်ယံမှိုင်း ဆိုတဲ့ကောင်လေး ဖြူဖြူ ဆီကို
ဘာလာလုပ်တာလဲ မသိဘူး။

ဖြူဖြူ သူ့ ပါးကို ရိုက်လိုက်လို့ အခုမှလက်စား
လာချေတာလား။

ဖြူဖြူ နာမည်ကိုရော သူ့က ဘယ်လိုသိတာလဲ။

ရင်ထဲမှာ စိုးထိတ်ဗျာပါဒတွေနဲ့ ဖြူဖြူ ရူးချင်နေပြီ။

မတော်လို့ ဖြူဖြူ သူ့ ပါးအား ရိုက်လိုက်တာကို
တိုင်လိုက်ရင် ဖြူဖြူ ရဲ့ scholarship လေး
ရုတ်သိမ်းခံရမည်။ ဒါဆိုရင်​ ဖြူဖြူ
ဘာဆက်လုပ်ရတော့မလဲ။

" လွန်ကြိုးဖြူဖြူ ရပ်လိုက်စမ်း...!! "

အဝေးကနေ လှမ်းအော်လိုက်သော ခေါင်ယံမှိုင်း
ကြောင့် ဖြူဖြူ မျက်လုံးအစုံက ပြူးသွားရသည်။

လွတ်ပြီလို့ ဖြူဖြူ ထင်ထားတာကို သူ့က
ဘယ်ကနေ ဘယ်လိုပေါ်လာတာလဲ မသိဘူး။

ဒီလိုတော့ ဘယ်ရမလဲ သူ့က ဖြူဖြူ အတွက်
very dangerous ။ ဖြူဖြူ ထွက်ပြေးနိုင်မှ
တော်ကာကျမည်။

လက်သီးကို တင်းတင်းဆုပ်ထားရင်း နောက်လှည့်
မကြည့်ဘဲ ဖြူဖြူ ပြေးဖို့ပြင်လိုက်သည်။

" လွန်ကြိုးဖြူဖြူ ခင်ဗျား ရပ်စမ်း....!!!
ကျတော် ပြောတာကြားလား..!!
ခင်ဗျား ရပ်စမ်းလို့....!! "

သူရဲ့ အော်သံကို ဖြူဖြူ ကြားပေမဲ့ မသိချင်
ယောင်ဆောင်ကာ အသားကုန်အရှိန်တင်ပြီး
ပြေး​နေလိုက်သည်။

နောက်က လှည့်ကြည့်စရာတောင် မလိုပါ။
သူ့ကလည်း ဖြူဖြူ နာမည်ကို အော်ခေါ်ပြီး
လိုက်နေတယ်​​လေ။

ဒီလိုသာ ဆက်သွားနေရင် ဖြူဖြူ သူ့ကြောင့်
ကျောင်းမှာ ပြောစမှတ်တွင်တော့မည်။
တခြားကောင်လေး ဖြူဖြူ နောက်ကို
ပြေးလိုက်ရင် ကိစ္စ မရှိ၊  ဒါပေမဲ့ ခေါင်ယံမှိုင်း ဆိုတဲ့
ကောင်လေး ဖြူဖြူ နောက် ပြေးလိုက်ရင်
very dangerous ပေ။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now