Part - 47 ( Zg + Uni)

5.3K 275 10
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 47  )

"  ငါ တောင်းပန်ပါတယ် ခေါင်ယံမှိုင်း "

ခေါင်​....သွေးသစ် ခိုင်းတာ လုပ်ပြီးသွား၍
ဒေါ်ဖြူဖြူ နဲ့ လျှောက်လည်ဖို့ ရာ
ကားပေါ် သူ ခေါ်လာ​တော့ တောင်းပန်လာသော
အရင်းမရှိ အဖျားမရှိ ဒေါ်ဖြူဖြူ စကားကြောင့်
လူက နားမလည် ဖြစ်သွားရသည်။

" ဘာကိုလဲ ဒေါ်ဖြူဖြူ.. ခင်ဗျား က
ကျုပ်ကို ဘာလို့ တောင်းပန်တာလဲ?  "

စေ့စေ့စိုက်စိုက် ကြည့်ပြီး မေးလိုက်ချိန်
ဝမ်းနည်းသွားသော ဒေါ်ဖြူဖြူ မျက်ဝန်း
တွေက တစ်ခုခုကို အပြစ်ရှိသလိုနဲ့ပေ။

" ဟိုလေ.. .ငါကြောင့်... မင်း
အောက်ခံဘောင်း..... "

" မလိုဘူး အဲ့ဒီကိစ္စ ခင်ဗျားနဲ့ မဆိုင်ဘူး
ကျုပ် ညံ့လို့ ကျုပ် ရှူံးတာ...
ခင်ဗျား မောင်လို့ မခေါ်တဲ့ အတွက်လည်း
ကျုပ်က ခင်ဗျားကို ယိုးမယ်ဖွဲ့ပြီး
အပြစ်​တင်​​နေမှာမဟုတ်ဘူး... အခုချိန်
ကျုပ် ခေါင်းထဲမှာ ရှိတာက ခင်ဗျား ဘက်က
ကျုပ်ကို မောင်လို့ လိုလိုလားလား ခေါ်တဲ့
အချိန်ကိုပဲ  ကျုပ်​​ ​စောင့်နေတော့မယ်...
အတင်းအကြပ် ခေါ်ခိုင်းတာထက် ခင်ဗျား
ဘက်က ကျုပ်ကို စိတ်ရင်းနဲ့ ခေါ်လာ​ပေးတာ
ကိုပဲ  ကျုပ် သ​ဘောကျတယ် ....​ "

ပွင့်လင်းစွာ ပြောလာသော သူ့ စကားတွေက
ဖြူဖြူ ရင်ကို တစ်မျိုးလေး ဖြစ်သွားစေသည်။
ဒီလိုကျတော့လည်း ဘယ်ဆိုးလို့လဲ။
သူ့က တော်သားပဲ။

ခင်​ဗျားကိုလည်း ကျုပ်​ အတင်းအကြပ်
မလုပ်​ချင်​ဘူး။ ဒါ့က ခင်​ဗျားကို
ကျုပ်​ ချစ်​လို့ ​ဒေါ်ဖြူဖြူ ....ခင်​ဗျားဘက်​က
ခေါ်ဖို့ ခဲယဉ်း​နေလို့ ကျုပ်​ ဘယ်​​လောက်
ပဲ လိုချင်​လိုချင်​ ခင်​ဗျားအတွက်​ ကျုပ်
အ​လျှော့​ပေးလိုက်​တာပဲ။ဒါ​တွေကို ခင်​ဗျား
သိမှာ မဟုတ်​ဘူး၊၊ ​ခေါင်​ယံမှိုင်း ဆိုတဲ့
လွယ်​လွယ်​နဲ့ အ​လျှော့မ​ပေး
တတ်​တဲ့ကျုပ်​က ခင်​ဗျားနဲ့ ​တွေ့မှပဲ
ရာဇဝင်​​တွေ ရိုင်းကုန်​ပြီ ​ဒေါ်ဖြူဖြူ ။

ဒါ​တွေကို​တော့ ​ခေါင်​ယံမှိုင်း စိတ်​ထဲက
ဆို​နေခဲ့သည်​။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now