☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 48 )ဘလက် သူ့ ဆီ ပြေးဝင်လာသော ခေါင်ယံမှိုင်း
ရဲ့ ချက်ချင်း မသေသေးမယ့် ဝမ်းဗိုက်အောက်
ပိုင်းတစ်နေရာကို အဆုံးထိထိုးချပစ်လိုက်တာ
လွန်ကြိုးဖြူဖြူ မြင်ရော သူမ ရဲ့  အော်သံကြီးက
ဟိန်းခနဲပေ။" ခေါင်ယံမှိုင်း.. ...!!! "
" အ့..!! "
ခေါင်ယံမှိုင်း ရဲ့ တိုးညင်းတဲ့ အသံလေး။
သို့သော် ထိုအသံကို လွန်ကြိုးဖြူဖြူ မှာ
ကမ္ဘာပျက်မလို ကြားလိုက်ရပြီး
စိုက်ဝင်နေသော ဓားနဲ့ ခေါင်ယံမှိုင်း
ဗိုက်က သွေးတွေ စီးကျလာတာကို
ကြည့်ရင်း သူမ မျက်လုံးများက အတိတ်က
သူမ ထိုသို့ ဆင်တူနှိပ်စက်ခံခဲ့ရတာတွေကိုပါ
ပြန်လည်မြင်ယောင်လာသည်။" ကြောက်တယ် ဖြူဖြူ ကို ကယ်ပါအုံး...!!
ဖြူဖြူ ကြောက်တယ်... မလာနဲ့နော်..!!
အား... ဖြူဖြူ ကို ကယ်ပါအုံး မာသာ..
ဖြူဖြူ ကို ကယ်ပါအုံး..!! "ဓားထိုးခံလိုက်ရတာက တစ်ယောက်၊
အော်တာက တစ်ယောက် ဖြစ်နေတော့
ဘလက် ခဏလောက် ကြောင်သွားပြီး
ကြည့်နေလေသည်။ခေါင်ယံမှိုင်း မှာ ဝမ်းဗိုက်က နာကျင်နေပေမဲ့
မျက်လုံးတွေရဲ့ အမြင်အာရုံက နှစ်ထပ်ဖြစ်နေလေ
သည်။သူ့ ရှေ့က လူက လွန်ကြိုးဖြူဖြူ လား။
ဒါမှမဟုတ် နောက်က အော်နေတဲ့
တစ်ယောက်က လွန်ကြိုးဖြူဖြူ လားဆိုပြီး
ပေါ့။" ခင်ဗျား ဘယ်မှာလဲ ဒေါ်ဖြူဖြူ....!!
ခင်ဗျား ဘယ်မှာလဲ.. ..!! "" အား....!! "
ဝမ်းဗိုက်က ဓားကို ခေါင်ယံမှိုင်း ကိုယ်တိုင်ဆွဲ
ထုတ်လိုက်ကာ ရှေ့က လူနဲ့ နောက်က
လူထဲ လွန်ကြိုးဖြူဖြူ က ဘယ်သူလဲဆိုတာ
ခွဲခြားနေတုန်းပေ။ ဓားဆွဲထုတ်လိုက်လို့
နာကျင်လွန်းလို့ အော်သွားသော သူရဲ့
အသံကြီးကလည်း အားခနဲပေ။" ငါလေ. ..ဒေါ်ဖြူဖြူ က ငါပါဟ
ဒီရှေ့ကို တိုးခဲ့ ခေါင်ယံမှိုင်း...!!
လွန်ကြိုးဖြူဖြူက ငါပါဟ "ဓားကိုင်ထားသော ခေါင်ယံမှိုင်း ကို
ဘလက် မှာ အပြုံးတွေနဲ့ သူရှေ့ လာဖို့ 
ခေါ်တော့ ခေါင်ယံမှိုင်းမှာ အသိစိတ်
ပျောက်နေတဲ့ လူလို ရှေ့ကို တိုးသွားခဲ့သည်။

YOU ARE READING
အချစ်ကသူစေစားရာ 🌚🌚 ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ)
Romanceအမွှာချင်း တူပေမယ့် သူမရဲ့ မွေးဖွားမှုမှာ ဒွိလိင် ပါဝင်နေတဲ့အတွက် ဖခင် ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လွန်ကြိုးဖြူဖြူ.... ဒွိလိင် ဖြစ်တဲ့ လွန်ကြိုးဖြူဖြူ ကိုတော့ ဖခင် ဖြစ်သူက စွန့်ပစ်တာတောင် ရိုးရိုးတန်းတန်း မစွန့်ပစ်ခိုင်းဘဲ ရထားလမ်းပေါ် စွန်...