Part - 41 ( Zg + Uni)

5.5K 233 5
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 41  )


ဖြူဖြူ ကို လူရှေ့ နမ်းလိုက်တဲ့ ခေါင်ယံမှိုင်း
လုပ်ရပ်ကြောင့် အရမ်းရှက်ပြီး toilet
ထဲ ပြေးဝင်လာလိုက်သည်။ဒါကို
နောက်က လိုက်လာတော့ ဖြူဖြူ
ဘာဆက်လုပ်ရမှန်း မသိတော့။

" ခင်ဗျား ရှက်နေတာလား ဒေါ်ဖြူဖြူ..
မရှက်ပါနဲ့ ရှက်ရင် ကျုပ် ရင်ခွင်ထဲ
ပုန်း​နေလိုက်... ကျုပ် ရင်ခွင်က
ခင်ဗျား တစ်ဘဝလုံးစာ အတွက် "

" မင်း စကားတတ်တိုင်း လျှောက်ပြော
မနေနဲ့ ခေါင်ယံမှိုင်း... ဒီနေ့ မင်း
လုပ်ရပ် အရမ်းလွန်တယ် အဲ့ဒါ မင်း
သိလား...??  "

" ကျုပ် မသိဘူး ဒေါ်ဖြူဖြူ... ခင်ဗျား ကို
နမ်းတာ မဝသေးတာပဲ ကျုပ် သိတယ် "

ပြောရင်း ရှေ့တိုးလာသော သူကြောင့် နောက်
ကို အမြန်ဆုတ်မိလိုက်ရာ ဘေစင်နဲ့
ကပ်သွားရသည်။

" အမေ့..!!  "

" မင်း... မင်း ဘာလုပ်မလို့လဲ..??  "

" မဝသေးလို့ ထပ်နမ်းမလို့လေ "

" မင်း....အင်​.....အင့်​..အင်း ...အွန့်​စ်​ !! "

ဖြူဖြူ ကို ဘေစင်ပေါ် တင်လိုက်ကာ
နှုတ်ခမ်းတစ်စုံကို ငုံထွေးလိုက်
သဖြင့် ဖြူဖြူ လက်တွေက သူ့ ကျောပြင်
ကို ဖက်​တွယ်​မိသွားသည်။

ရိုက်တာကတော့ မရိုက်တော့ပါ။ ဖြူဖြူ
ရိုက်လည်း သူ့က ဖြူဖြူ ကို
လွှတ်ပေးတာမှ မဟုတ်တာ။

ဒီတော့ ငြိမ်ခံနေဖို့ပဲ ဖြူဖြူ မှာ ရှိတော့သည်။

နှုတ်ခမ်းသားတွေကို အပေါ်အောက် မနားတမ်း
စုပ်ယူလိုက်၊  ငုံထွေးလိုက်တော့ ဖြူဖြူ
ကိုယ်လေးက လေထဲလွင့်မျောသွားသလို
ခံစားသွားလိုက်​ရသည်​။

" ပြွတ်စ်.. .ပြွတ်စ်... ပြွတ်စ်. .!! "

အပေါ်နှုတ်ခမ်းကို သူ့ နှုတ်ခမ်း တစ်ခုလုံး
နဲ့ တတိတိကိုက်ပြီး စုပ်ယူလာ၍ ဖြူဖြူ
တစ်ကိုယ်လုံးက  ကျင်ခနဲပေ။

ခေါင်းယမ်းကာ ငြင်းရ​အောင်​လည်း
သူ့ လက်တွေက ဖြူဖြူ ခေါင်းကို မြဲမြဲ
ထိန်းကိုင်ထားခဲ့သည်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now