Part - 15 ( Zg + Uni)

5.7K 298 5
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 15  )

" ဒါဆို ပါးရိုက်ရုံပဲ ရှိတော့တာပေါ့.. .."

အပြောနဲ့အတူ မေဘယ် လွန်ကြိုးဖြူဖြူ ပါးကို
ရိုက်ချပစ်လိုက်သည်။

" ဖြန်း.....!!! "

သို့သော် ထိုလက်ကို နောက်ကနေ ခေါင်ယံမှိုင်း
ဆွဲဖမ်းလိုက်ရင်း သူကိုယ်တိုင် မေဘယ်ပါးကို
ရိုက်ချပစ်လိုက်သည်။

ထိုအခါ  အရိုက်ခံလိုက်ရသူက မေဘယ်ပေ။

ရုတ်တရက် သူမ ပါးကို ခေါင်ယံမှိုင်း က
ရိုက်ချလိုက်တော့ နားမလည်ဖြစ်ပြီး
ကြောင်အအနဲ့ ခေါင်ယံမှိုင်း ကို ကြည့်လာခဲ့သည်။
ဘေးက လွန်ကြိုးဖြူဖြူ မှာလည်း ခေါင်ယံမှိုင်း
လုပ်ရပ်ကို ကြည့်ကာ အံ့ဩလို့ မဆုံး။

" မေ... .မေဘယ် ပါးကို ကိုကို ရိုက်တယ်ပေါ့
ဘာလို့လဲ ကိုကို...??  ဘာလို့ မေဘယ်
ပါးကို ရိုက်ရတာလဲ...?? တကယ်တမ်း
ကိုကို ရိုက်ပေးရမှာက ဒီကောင်မ ပါးကိုလေ "

" အပိုတွေ မပြောစမ်းနဲ့ မေဘယ်...!!
မင်းနဲ့ ငါ ဒီနေရာမှာတင် ပျက်ပြီ... လာ
ကျုပ်နဲ့ လိုက်ခဲ့ ဒေါ်လွန်ကြိုးဖြူဖြူ ..!! "

ဖြူဖြူ လက်ကို ဆွဲကာ သူ့က ထွက်သွားဖို့
ပြင်တော့ လူက ကြောင်ပြီး မရုန်းကန်မိပါ။

" ဟင့်အင်း ကိုကို မသွားရဘူး...!!
မေဘယ်ကို ထားပြီး ကိုကို မသွားရဘူး...!! "

" ကျစ်ခ်... စောက်လုပ်တွေကို ရှူပ်နေတာ..!! "

ဖြူဖြူ တို့ ရှေ့ ပိတ်ရပ်လိုက်သော မေဘယ်
ဆိုတဲ့ ကောင်မလေးကြောင့် သူ့က
စုတ်တစ်ချက်သပ်ကာ ကောင်မလေးကို
အလိုမကျသလို အကြည့်နဲ့ ပြန်ပြောသည်။

" ခုဏက ကိစ္စ မေဘယ် တောင်းပန်ပါတယ်
ကိုကို .....ဒီအစ်မ ပါးကို မေဘယ်
ရိုက်ဖို့လုပ်လိုက်တဲ့ အတွက်လည်း
ကိုကို ကို မေဘယ် တောင်းပန်ပါတယ်...
မေဘယ် တောင်းပန်ပြီးပြီဆိုတော့ ကိုကို
နဲ့ မေဘယ် ချစ်သူတွေ ပြန်ဖြစ်ကြရအောင်နော်.. "

ခေါင်ယံမှိုင်း လက်ကိုင်ကာ ကောင်မလေးက
ပြောလာတာကို သူ့က မဲ့တဲ့တဲ့နဲ့ စိုက်ကြည့်ပြီး
လက်ကို ပုတ်ထုတ်ပစ်လိုက်သည်။ ဖြူဖြူ
မှာ ဒါ့ကို ကြည့်ပြီး မျက်လုံးတွေ ပြူးနေရသည်။
သူ အတော်ရိုင်းစိုင်းတာပဲ။ 

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now