Part - 45 ( Zg + Uni)

5.4K 347 25
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 45  )


" ငါ့က... ငါ့က ဒွိလိင် ခေါင်ယံမှိုင်းရဲ့ "

နောက်ဆုံး စိတ်ကို ဒုန်းဒုန်းချပြီး
မာသာတို့လည်း ဖြူဖြူ ကို အကြံပေးထားသလို၊
ခေါင်ယံမှိုင်း ရဲ့ သဘောထားကို သိချင်တာ
ကြောင့်လည်း ဖြူဖြူ အမှန်အတိုင်း
ဝန်ခံလိုက်သည်။

ထိုအခါ စိုက်ကြည့်လာသော ခေါင်ယံမှိုင်း
မျက်ဝန်းတွေက အံ့အားသင့်ခြင်းတွေနဲ့အတူ
သူ့ နှုတ်ခမ်းတစ်စုံကလည်း ပွင့်ဟသွားပြီး....

" ခင်... ခင်ဗျားက ဒွိလိင်လား ဒေါ်ဖြူဖြူ..?? "

" ဟုတ်တယ် ငါ့က ဒွိလိင်....ငါ့ အောက်ပိုင်းမှာ
မိန်းကလေး အင်္ဂါနဲ့ ယောက်ျားလေး အင်္ဂါကြီးက
တွဲရက်ပါနေတယ်...ဒါကြောင့် ငါ့က မင်းနဲ့
မတန်ဘူး ခေါင်ယံမှိုင်း....အခုဘယ်လိုလဲ
ငါ ဒွိလိင်ဆိုတာကို မင်း သိသွားပြီဆိုတော့
ငါ့ကို မုန်းသွားပြီမလား.....??
ငါ ထင်ပါတယ် လူတိုင်းက ငါရဲ့ အပေါ်ယံ
မျက်နှာကိုပဲ ကြိုက်ကြတာ ငါ့က ဒွိလိင် ဆိုတာ
သိသွားရင် ငါ့ကို ရွံရွာသွားတဲ့သူ မုန်းသွားတဲ့
သူတွေချည်းပဲ  .......အခု မင်းရော
သူတို့တွေလို မုန်းတာ မဆန်းပါဘူး
ဒီတော့ ငါတို့ ကွာရှင်းလိုက်ကြရအောင်
ငါ့လို ဒွိလိင် နဲ့ လက်ထပ်ထားတာ
မင်း အတွက် သိက္ခာကျတယ် "

ငြိမ်သက်နေသော သူ့က ဖြူဖြူ စကားတွေ
ကို နားထောင်ရုံသာ နားထောင်ပြီး
သက်ပြင်းတွေ အကြိမ်ကြိမ်ချနေခဲ့သည်။

" မနက်ဖြန် ငါ ကွာရှင်းစာချုပ် ပို့လိုက်မယ်
ခေါင်ယံမှိုင်း... အဲ့ဒီမှာ မင်း လက်မှတ်ထိုးရ
မယ် အခု ငါ ပြန်တော့မယ်  "

" အမေ့...!!  "

ပြန်ဖို့ ထကာရှိသေး လက်ကို ဆောင့်ဆွဲလိုက်ရာ
တစ်ကိုယ်လုံးက သူ့ ရင်ခွင်ထဲ ရောက်သွား
ရသည်။

" မင်း ဘာလုပ်တာလဲ ခေါင်ယံမှိုင်း...??  "

" ဒါကြောင့်လား ဒေါ်ဖြူဖြူ... ခင်ဗျား ကျုပ်ကို
အချိန်တိုင်း ငြင်းဆန်နေခဲ့တာက ခင်ဗျားက
ဒွိလိင် ဖြစ်နေလို့လား..?? "

" ဟုတ်တယ် ငါ ဒွိလိင် ဖြစ်နေလို့...
ဘယ်လိုလဲ မင်းလည်း ငါ့ကို
မုန်းသွားပြီမလား.... "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now