☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 30 )" အ မေ့..!! "
စိတ်ညစ်နေတုန်း ရှေ့မှာ ဘွားခနဲပေါ်လာသော
လူကြောင့် လူက အရမ်းလန့်သွားမိသည်။" ကျုပ်ကို သရဲမှတ်နေတာလား ဒေါ်ဖြူဖြူ...!!
ခင်ဗျား အဲ့ဒီလောက် လန့်နေရအောင် "" ငါ မင်းနဲ့ စကားမပြောချင်ဘူး ခေါင်ယံမှိုင်း.. .
ငါ စိတ်ညစ်နေတယ် တိတ်တိတ်လေးနေပေးပါ "" ဘာလဲ...ပါချုပ်ကြီး ပြောလိုက်တဲ့
ခင်ဗျား ရဲ့ scholarship ကြောင့်မလား "" ဟင်...မင်း ဘယ်လိုသိတာလဲ...?? "
" ခင်ဗျားတို့ စကားပြောတဲ့ အချိန်တုန်းက
ကျုပ်က အပေါက်ဝမှာ ရှိတယ်...
ခင်ဗျားကသာ စိတ်ညစ်ညစ်နဲ့ အပြင်ပြန်
ထွက်လာပြီး ကျုပ် ရှိနေတာကို မမြင်တာလေ "ဪ သူ ရှိနေတယ်တဲ့...!! ပါချုပ်ကြီးနဲ့
ဖြူဖြူ စကား ပြောနေတုန်းက..!!
ကြည့်ရတာ ဖြူဖြူ အရမ်းစိတ်ညစ်ပြီး
သူ့ကို မမြင်မိတာ ထင်သည်။" မင်း ငါ့ကို ကူညီပေးနိုင်မလား ခေါင်ယံမှိုင်း..
ငါရဲ့ scholarship ကို ပါချုပ်ကြီး
ပြန်မရုတ်သိမ်းတော့ဘဲ
ဆက်ထောက်ပံ့ပေးသွားဖို့ အတွက်... "သူ့က ကျောင်းမှာ အာဏာရှိတဲ့သူဆိုတော့
ဒီတစ်ခါတော့ ဖြူဖြူ သူ့ အကူအညီကို
ယူရတော့မည်။ မဟုတ်ရင် ဖြူဖြူ ရဲ့
မာသာ ဖြူဖြူ ကြောင့် သိပ်ကို ဝမ်းနည်း
နေလိမ့်မည်။ ဒါကြောင့် ရှက်ရှက်နဲ့ပဲ
ဖြူဖြူ တောင်းဆိုလိုက်သည်။ ထိုအခါ
စိုက်ကြည့်လာသော သူ့ မျက်ဝန်းတစ်စုံက
ဖြူဖြူ ကို အံ့ဩခြင်းတွေ အပြည့်နဲ့.. ." အံ့ဩစရာပဲ ဒေါ်ဖြူဖြူ... ခင်ဗျား ဘက်က
ကျုပ်ကို အကူအညီတွေ မတောင်းစဖူး
တောင်းလို့ပါလား "" အပိုတွေ မပြောနဲ့ ခေါင်ယံမှိုင်း..
မင်း ငါ့ကို ကူညီပေးနိုင်မလား
မပေးနိုင်ဘူးလားဆိုတာပဲ ပြောလိုက် "အကူအညီတောင်းတဲ့သူက အပေါ်စီးကနေ
ဆက်ဆံနေတော့ ခေါင် တစ်ချက်ပြုံးလိုက်မိ
သွားသည်။" ဘာလဲ...မင်းဘာလို့ ငါ့ကို ရယ်နေတာလဲ
ခေါင်ယံမှိုင်း...?? ဒါရယ်စရာမဟုတ်ဘူးနော် "

YOU ARE READING
အချစ်ကသူစေစားရာ 🌚🌚 ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ)
Romanceအမွှာချင်း တူပေမယ့် သူမရဲ့ မွေးဖွားမှုမှာ ဒွိလိင် ပါဝင်နေတဲ့အတွက် ဖခင် ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လွန်ကြိုးဖြူဖြူ.... ဒွိလိင် ဖြစ်တဲ့ လွန်ကြိုးဖြူဖြူ ကိုတော့ ဖခင် ဖြစ်သူက စွန့်ပစ်တာတောင် ရိုးရိုးတန်းတန်း မစွန့်ပစ်ခိုင်းဘဲ ရထားလမ်းပေါ် စွန်...