Part - 67 ( Zg + Uni)

4K 197 7
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 67  )

ဒီနေ့က ဖြူဖြူတို့ မင်္ဂလာပွဲနေ့လေ။

မနက်ခင်းမှာ ဖြူဖြူတို့ အကုန်လုံး တူညီ
ဝတ်စုံလေး​တွေ ဝတ်ပြီး မိဘမဲ့ဂေဟာတွေစီကို
သွားကြသည်။

တူညီဝတ်စုံ အရောင်လေးက ဘာလဲဆိုတော့
အဖြူရောင်လေးပင်။ မွန်မြတ်ခြင်းနဲ့
သန့်ရှင်းခြင်းကို အဓိပ္ပာယ်ဖော်ဆောင်ထားတဲ့
အဖြူရောင်လေးကို မောင်ရယ်၊ မောင့်
အဖေနဲ့ အမေရယ်၊ မောင့် သူငယ်ချင်း
ခြားနား နဲ့ သွေးသစ်ကိုပါ ဖြူဖြူ ဝတ်ခိုင်း
ထားသည်။

ဖြူဖြူ သူငယ်ချင်း ထက်ထက်ကပါ ပါနေသေးသည်။

အဖြူရောင်လေးကို ဖြူဖြူတို့ အားလုံး ဝတ်ပြီး
မိဘမဲ့ဂေဟာတွေမှာ မာသာတို့ အတွက်
အလှူသွားလုပ်ပေးကြသည်။

ဖြူဖြူတို့ မင်္ဂလာပွဲအတွက်ရော။

ညနေခင်းရောက်ရင် မောင်တို့ အိမ်မှာပဲ
မင်္ဂလာဆောင်မယ်လေ။

မနက်ခင်းပိုင်းကတော့ ရန်ကုန်မြို့ မိဘမဲ့ဂေဟာတွေ
တစ်ခုမချန် ဖြူဖြူတို့ သွားထားရလို့
ပင်ပန်းနေပြီ။

နောက်ပြီး မီးရှို့ခံထားရလို့ မြေလွတ်ကြီး ဖြစ်နေသော
ဖြူဖြူ တို့ ပန်းမြိုင်ဂေဟာလေးကိုလည်း
ဖြူဖြူ တခြားမိဘမဲ့ဂေဟာမှာ လှူခဲ့လိုက်ပြီလေ။
မာသာမရှိတော့တဲ့ ဒီဂေဟာမှာ ဖြူဖြူ
ထပ်ပြီးတော့ ပန်းမြိုင်ဂေဟာအသစ်လေး
ပြန်ဖွင့်ပေးနိုင်မယ်မထင်ပါ။

ဖြူဖြူ ပြန်ဖွင့်ခဲ့ရင် အဲ့ဂေဟာလေးကို
ကြည့်လိုက် ငိုလိုက် ဖြစ်နေမှာ ဖြူဖြူ
သိသည်။ အခုတောင် ဖြူဖြူ မနည်းကြိုးစား
ပြီး မာသာတို့ကို မေ့ထားနေရတာ။

ဒါကြောင့် တခြားမိဘမဲ့ဂေဟာမှာ ဖြူဖြူ
လှူဒါန်းခဲ့လိုက်သည်။

မင်္ဂလာပွဲပြီးတာနဲ့ ဘန်ကောက်သွားကာ
ဖြူဖြူ ဒွိလိင်ကို ခွဲစိတ်ဖို့လည်း မောင့်က
အကုန်စီစဉ်ပြီးသွားပြီ။ တစ်လက်စတည်း
မောင်က သူ့ ဗိုက်ထဲ သားအိမ်ထည့်ပြီး
ကိုယ်ဝန်ဆောင်နိုင်ဖို့ပါ လုပ်နေပြီလေ။

ဖြူဖြူ ကတော့ မောင်ကို ဖြူဖြူ ဆောင်ပေး
ရမလား မေးသေးသည်။ ဒါပေမဲ့ မောင်က
သိတဲ့အတိုင်း ဖြူဖြူ ကိုယ်ဝန်ဆောင်
ရင် တစ်ခုခုဖြစ်သွားမှာကို အရမ်းကြောက်နေတာ
လေ။ 

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now