Part - 56 ( Zg + Uni)

5K 261 8
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 56  )

" ဘယ်မှ မလည်တော့ဘူးပေါ့ ဒေါ်ဖြူဖြူ "

" အင်း မလည်တော့ဘူး မာသာတို့
စောင့်နေပြီလေ "

မနေ့က မာသာကြီးတို့ဆီက ဖုန်းလာတာနဲ့
ချက်ချင်း ပြန်မယ်ပြောလာသော သူ့
ဒေါ်ဖြူဖြူ။

သူ့မှာတော့ ပြင်ဦးလွင် မှာ အကြာကြီး
နေမယ်လို့ တွေးထားတာကို ဒေါ်ဖြူဖြူ
လုပ်ပုံနဲ့တော့ သွားပါပြီ။

" မောင်ကတော့ စပျစ်ခြံကို ဝင်ချင်သေးတယ်
ဒေါ်ဖြူဖြူ... အဲ့ဒီခြံက မောင့် အပိုင်
ပြင်ဦးလွင် ရောက်တုန်းလေး အဲ့ဒီသွား
ချင်သေးတယ် "

ပြန်ဖို့ အကုန်လုံး ကားပေါ် ရောက်ပြီဆိုခါမှ
ကားမမောင်းသေးဘဲ ဖြူဖြူ ကို စကားတွေ
ပေရှည်နေတဲ့ မောင့်က လတ်​စသတ်​​တော့
စပျစ်ခြံကို ဝင်ချင်နေတာတဲ့။

" နော်...နော် မောင့် ဒေါ်ဖြူဖြူလေး
မောင်တို့ စပျစ်ခြံ သွားရအောင်နော်
ဒါပြီးရင် အိမ်ပြန်ကြမယ်လေ "

" သေချာတယ်နော် "

" သေချာပါတယ် ဒေါ်ဖြူဖြူ ကလည်း
မောင့်က အပြောနဲ့ အလုပ်နဲ့ ပြတ်တယ်
စကားကို နှစ်ခွန်းမပြောတတ်ဘူး
ဟုတ်တယ်နော် နောက်ခန်းက လင်နှစ်လင်..!! "

" ဟုတ်တယ်...ဟုတ်တယ်မဖြူဖြူ
ခေါင်ကြီးက ကတိတည်တယ်
သူ မတည်ရင် ကျတော် လည်ကို ဖြတ်ပစ်လိုက်"

" ကျတော်လည်း ထောက်ခံတယ် မဖြူ "

သွားချင်တယ်​ မသွားချင်တယ် နောက်ခန်းက
သွေးသစ်တို့ အတွဲပါ ခေါင်းတွေငြိမ့်ကာ
ထောက်ခံလာကြသည်။

ဒီတော့ ဖြူဖြူ ဘာတတ်နိုင်မလည်း
သူတို့ အလိုကျပေါ့။

" မင်း သဘော ခေါင်ယံမှိုင်း ..မောင်းတော့လေ "

" ဘာ.. မင်း သဘောလဲ ဒေါ်ဖြူဖြူ..
မောင့် သဘောလို့ ခင်ဗျား ပြောရမှာလေ..
ဘာလဲ မောင် ခင်ဗျား နှုတ်ခမ်းလေးကို
အပြစ်ပေးမှနဲ့ တူတယ် "

" မောင်... မောင် ဟုတ်ပြီနော် "

ခေါင် အနားကို တိုးလာလိုက်မှ ဒေါ်ဖြူဖြူ
ဆီက မောင်ဆိုတဲ့ နာမ်စားလေး
ထွက်လို့လာသည်။ ခေါင် သိတာပေါ့
သူ့ ဒေါ်ဖြူဖြူ က လူရှေ့ နမ်းလိုက်ရင်
တအားရှက်တတ်တာ။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now