Part - 20 ( Zg + Uni)

5.8K 322 20
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 20  )

လွန်ကြိုးဖြူဖြူ မှာ ဦးနိုင်စေမာန် ကိုက်နေတာ
ကို မအော်ဘဲ အသံမထွက်အောင် သူမ
နှုတ်ခမ်းကို သွားနဲ့ ဖိကိုက်ထားလေသည်။
ထိုအခါ သူမ နှုတ်ခမ်းတစ်ခုလုံးက နီရဲ
လာခဲ့သည်။

" အား.... ဦး မရ တော့ဘူး... !!
ကလေး အလှတွေကို ဦး အရမ်း မြင်ချင်နေပြီ "

အပြောနဲ့အတူ ဦးနိုင်စေမာန် လက်တွေက
လွန်ကြိုးဖြူဖြူ ရင်ပြတ်ဂါဝန်လေးပေါ်
ရောက်လာခဲ့သည်။

" ဒုန်း.....!!!!  "

" ဘုန်း...!!  "

နှုတ်ခမ်းတစ်စုံကို လွန်ကြိုးဖြူဖြူ ဖိကိုက်ထားချိန်
တံခါးက ဝုန်းခနဲ ပြိုလဲကျသွားသည်။

" ဟင်​.. သား.... သား ခေါင်ယံ "

ဦးနိုင်စေမာန် ရဲ့ ကတုန်ကယင်အသံကြီးကလည်း
ခေါင်ယံမှိုင်း ကို မြင်တာနဲ့ သေတော့မယ့်
အလားပင်။ လွန်ကြိုးဖြူဖြူ ကတော့
နှုတ်ခမ်းတစ်စုံကို ဖိကိုက်ထားရင်းကနေ
ခေါင်ယံမှိုင်း ကို မြင်တော့ မျက်ဝန်းများက
ဝိုင်းစက်သွားခဲ့သည်။

" လာခဲ့စမ်း ဦးနိုင်စေမာန်...!!!  "

အပြောနဲ့အတူ ခေါင်ယံမှိုင်း လက်တစ်စုံက
ဦးနိုင်စေမာန် လည်ပင်းကို ဆွဲညှစ်သည်။

" အ.... အ.... အ... အစ် "

လက်စပြင်းတယ် မပြင်းတယ် ခဏပိုင်း
အတွင်းမှာပဲ ခေါင်ယံမှိုင်း ညှစ်မှုကြောင့်
ဦးနိုင်စေမာန် အသံတွေက မပီပြင်တော့ပါ။

" ရပ်လိုက်ပါ ခေါင်ယံမှိုင်း....!!  ငါ
တောင်းပန်ပါတယ် ရပ်လိုက်ပါ... သူ
သေသွားလိမ့်မယ်... ငါ တောင်းပန်ပါတယ်ဟာ "

ဦးနိုင်စေမာန် အသက်ကို မနည်းရှူတာ
လွန်ကြိုးဖြူဖြူ မြင်ရော စိုးရိမ်ကာ
ဝင်ပြီးတားလာခဲ့သည်။ ထိုအခါ လွန်ကြိုးဖြူဖြူ
ထိုသို့တားခြင်းက ခေါင်ယံမှိုင်း ဒေါသတွေကို
ပိုပြီးဆွပေးလိုက်သလိုပေ။

" သေစမ်း...!!  အဲ့မှာ ခင်ဗျား သေလိုက်​စမ်း..!!
မ​အေ​ဘေး နိုင်​​စေမာန်​  "

ပြောလည်းပြော ဦးနိုင်စေမာန် လည်မြိုကို
ခေါင်ယံမှိုင်း အသည်းအသန် ညှစ်နေခဲ့သည်။
ဦးနိုင်စေမာန်မှာ အသက်ကြီးနေ၍
ခေါင်ယံမှိုင်း လက်တွေကို မလွန်ဆန်နိုင်ခဲ့ပါ။
ဒါ့အပြင် ခေါင်ယံမှိုင်း လက်တွေက
တုတ်ခိုင်ကျစ်လစ်​ကာ သန်မာနေတော့
ဦးနိုင်စေမာန် မျက်နှာကြီးက သွေးပင်
မရှိချင်တော့ပါ။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now