Part - 10 ( Zg + Uni)

6.1K 303 6
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 10  )

" ခေါင် နော်....!!  စနိုးကို ရုန်းမရအောင်
လုပ်တာပဲ....!! "

" မင်း လှလို့ လုပ်တာ... မင်း မလှရင်
ငါ့က မလုပ်တတ်ဘူး။ ဒါ့ကို မင်း သိပါတယ်  "

နားထဲ သဲ့သဲ့တိုးဝင်လာသော အသံက ဖြူဖြူ
နဲ့ ရင်းနှီးတယ်ထင်၍  လှည့်ကြည့်လိုက်မိရာ
ခေါင်ယံမှိုင်း နဲ့ သူ့ ကောင်မလေး စနိုး။

ရွံလိုက်တာ မိန်းကလေးတွေကို တစ်ယောက်ပြီး
တစ်ယောက် အခုလို တွဲနေတာ။ ချစ်သည်းမာန်
ဆိုသော သူနဲ့ စေ့စပ်ထားတဲ့ ကောင်မလေး
ကရော သူ ဒီလို ရှူပ်နေတာကို မပြောဖူးလား။
ကြည့်ရတာ dangerous ကောင်ကို မနိုင်လို့
နေမှာပေ။

" ဟဲ့ ဖြူဖြူ စားလေ ဘာတွေ ငေးနေတာလဲ..?? "

လက်ကို ပေါက်ပေါက်ဆုပ်ဘူးနဲ့ လာတို့ပြီး
ထက်ထက် က စားလေလုပ်ကာမှ ဖြူဖြူ
အသိဝင်သည်။  ဒီလိုနဲ့ ပေါက်ပေါက်ဆုပ်ကို
စားကာ ရုပ်ရှင် ပိတ်ကားထက်ကို ဖြူဖြူ
အကြည့်ပြန်ပို့လိုက်သည်။

ထက်ထက် နဲ့ အေးအေးလူလူ ရုပ်ရှင်လာကြည့်ကာ
မှ ဒီ dangerous ကောင်နဲ့ တိုးရတဲ့
အဖြစ်။

" အိုး... ခေါင်နော် ယားတယ်လို့....!!
ခေါင် ယားတယ်လို့... ခေါင် "

ရုပ်ရှင်ရုံထဲ ဈာန်ဝင်ပြီဆို နောက်က အသံတွေက
ထွက်ထွက်လာ၍ လက်သီးကို တင်းတင်းဆုပ်ထားမိ
သည်။ တကတည်း ရုပ်ရှင်​ လာကြည့်ပါတယ်
ဆိုကာမှ ပရမ်းပတာကောင်နဲ့ လာတွေ့ရတယ်လို့။

" ဖြူဖြူ ... နောက်က အတွဲက ခေါင်ယံမှိုင်း
တို့ အတွဲလေ... သူ လက်ရှိတွဲနေတာက
စနိုး တဲ့.... သူ့က ရည်းစားတအားရှူပ်တာ
ဒါပေမဲ့လည်း ရည်းစားရှူပ်တာမှန်ပေမဲ့
သူ့က အရင်စမတွဲဘူး ကျောင်းက
ကောင်မလေးတွေကသာ သူ့ကို လာလာတွဲကြတာ..
နောက်ပြီး သူ့ဟာသူ ရည်းစား ဘယ်လောက်ရှူပ်
ရှူပ် အချိန်တန် သူ လက်ထပ်ရမယ့်သူ
ရှိတယ်.... ချစ်သည်းမာန် တဲ့ အတော်လှတာ
နင့်လိုပဲ.... ချစ်သည်းမာန် က
ခေတ်ဆန်ဆန်နဲ့ လှတာ သူ့ အလှက
အရိုင်းဆန်တယ်... နင့် အလှကကျတော့
အေးချမ်းတယ် နတ်သမီး တစ်ပါးလိုပဲ.  .
နင်နဲ့ သူနဲ့ ယှဉ်ရင် နင့်က ပိုလှတယ်...
ဒါတွေကို ငါ ဘာလို့ သိနေလဲ နင် သိလား...??
ကျောင်းဖွင့်တုန်းက အစ်မကြီး တစ်ယောက်က
ငါ့ကို ပြောဖူးတာလေ "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now