Part - 55 ( Zg + Uni)

5K 269 11
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 55  )

" ရှင် ကျမကို ကွာရှင်းပေးပါ ကိုနိုင်စေမာန်
ကျမ ရှင်နဲ့ ဆက်မပေါင်းနိုင်တော့ဘူး "

" ဘာလဲ လွန်ကြိုးဖြူဖြူကို ငါ စွန့်ပစ်တာနဲ့ပဲ
မင်းက ငါ့ကို မပေါင်းနိုင်တော့ဘူးပေါ့ "

ဆိတ်ဆိတ်နေခြင်းက ဝန်ခံတဲ့ သဘောတရား
ကို ပြသနေတော့ ဦးနိုင်စေမာန် ရဲ့
နီမြန်းသွားတဲ့ မျက်နှာက ဘယ်လိုမှ ထိန်းလို့ မရ။

" အဲ့ဒီဒွိလိင်မ ကို ငါ စွန့်ပစ်တာ ငါတို့ဆီ
ကံဆိုးမှုတွေ ပါလာမှာစိုးလို့ ကြည်ဖြူ....
မင်းအတွက် ငါ ဒီလို လုပ်ပေးတာကို
မင်းက ကွာရှင်းမယ့် စကားပြောရဲတယ်... "

" ပြောရမှာပဲ... ဒွိလိင် ပါတာနဲ့ပဲ
ရှင့်က ကိုယ့် သွေးသားရင်းကို
စွန့်ပစ်ရဲတယ်.. ရှင့်လို တစ်ကိုယ်
ကောင်းဆန်တဲ့လူကို ကျမ အလိုမရှိဘူး
ကျမ အတွက် စွန့်ပစ်တယ် မပြောနဲ့
ရှင့်က ရှင့် အတွက်ကြည့်ပြီး စွန့်ပစ်ခဲ့တာ
ကျမကိုသာ ရှင် အသိပေးခဲ့မယ်ဆိုရင်
ကျမက ကိုယ့်​​သွေးသားက ဘာပဲဖြစ်​​နေနေ
လက်ခံတတ်တဲ့ သူဆိုတာ ရှင် ကျမ
အကြောင်းကို ​ကောင်း​ကောင်းကြီးသိပါတယ် "

"   မမလေး... !! အစ်ကိုလေး ဒီမှာ
ချစ်သည်း လက်ကလေး လှုပ်သွားပြီ "

ရန်ဖြစ်နေတဲ့ လင်မယား နှစ်ယောက်မှာ
ချစ်သည်းမာန် ကုတင်ဘေးနားတွင်
ထိုင်နေသော ဒေါ်တင်မြိုင် က ဝမ်းသာအားရ
နဲ့ အော်ပြောလိုက်​ရော နှစ်ယောက်စလုံး
ထိုနားကို အပြေး ရောက်သွားကြသည်။

" ဒေါ်တင်မြိုင် အခုချက်ချင်း ဆရာဝန် သွား
ခေါ် "

" မြန်မြန်ခေါ်ခဲ့နော် ကြီးတင်မြိုင် "

လင်မယား နှစ်ယောက် တည့်သာ မတည့်တာ
ချစ်သည်းမာန် အတွက် စိတ်ပူနေတာကတော့
အတူတူပဲ ဖြစ်သည်။

***********************

" မနက်ဖြန်လောက်ဆို ဆေးရုံက ဆင်းလို့
ရပါပြီ.. လူနာကို သိပ်ပြီး မလှုပ်ရှားခိုင်းပါနဲ့
အားရှိစေမယ့် အစားအစာလေးတွေလည်း
ပိုပြီး​ကျွေးပေးပါ "

" ဟုတ်ကဲ့ ဒေါက်တာ ကျေးဇူးတင်ပါတယ် "

" ကျေးဇူးပါ ဒေါက်တာ..."

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now