Part - 43 ( Zg + Uni)

5.6K 263 12
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 43  )

ပြဿနာဖြစ်ပြီးတဲ့ နေ့မှာပဲ ဂေဟာကို ဖြူဖြူ
ပြန်ရောက်သွားခဲ့သည်။

ဖြူဖြူ ဂေဟာကို ရောက်လာတော့ မာသာ
က ဖြူဖြူ ကို ပြန်လက်ခံပေးလာသည်။
ထိုအခါ ဖြူဖြူ ရင်ထဲက ဝမ်းသာမှုက
အတိုင်းအဆမရှိ။

ဒီနေ့ကစပြီး မာသာ က သူမသိအောင်
ဘာမှ မလုပ်ရဘူးဆိုပြီး ဖြူဖြူ ကို
ကတိတောင်းလာတော့ ဖြူဖြူလည်း
scholarship ကြောင့် ခေါင်ယံမှိုင်းနဲ့
လက်ထပ်ခဲ့ရတာတွေ၊  ဦးနိုင်စေမာန်နဲ့
အိပ်ဖို့ လုပ်လို့ ဖြူဖြူ scholarship
အရုတ်သိမ်းခံရဖို့ ဖြစ်ခဲ့တာတွေပါ
တစ်ခုမကျန် ပြောပြလိုက်သည်။

" ဪ...ဒါကြောင့်  သားခေါင်ယံမှိုင်းက
မာသာဆီ လာသောင်းကျန်းတာကိုးတဲ့ "

မာသာ နှုတ်က ဆိုလိုက်တဲ့ စကားလေးကြောင့်
ဖြူဖြူ ချက်ချင်းမေးလိုက်ရာ ဖြူဖြူတို့
ပြဿနာ မဖြစ်ခင်နေ့က ဂေဟာကို ခေါင်ယံမှိုင်း
လာပြီး ပေါက်ကွဲသွားကြောင်း သိလိုက်ရသည်။

ဒါ့အပြင် မာသာ နဲ့ ထွေးထွေးကလည်း
ခေါင်ယံမှိုင်း နဲ့ ပတ်သက်ပြီး
ကိစ္စ​တွေ အားလုံး ဖြူဖြူ ကို တစ်ခုမချန်မေး
လာ​တော့ ဖြူဖြူ လည်း အမှန်အတိုင်း
ပြောပြလိုက်သည်။

ပြောပြပြီးတဲ့နောက်မှာ ဖြူဖြူ ဘာပြန်ရလဲဆိုတော့
မာသာ နဲ့ ထွေးထွေးက ခေါင်ယံမှိုင်း က
ဖြူဖြူ ကို အရမ်းချစ်တာတဲ့။ သူ့လိုလူ
အပြင်မှာ ရှားတယ်တဲ့။

သူ့ကို ဖြူဖြူ ဘဝအဖြစ်အမှန်တွေ အကုန်ပြော
ပြလိုက်ပါတဲ့။ သူ့သာ တကယ်ချစ်ရင်
ဖြူလေး ဘာပဲဖြစ်ဖြစ် လက်ခံပေးမှာတဲ့။

ကွာရှင်းဖို့ ကိစ္စကိုလည်း မစဉ်းစားသေးပါနဲ့အုံးတဲ့။
သူ့ကို ဖြူဖြူ ဒွိလိင် ဆိုတာ အရင်ဆုံး
ပြောပြလိုက်ပါအုံးတဲ့။

ဒီတော့ ဖြူဖြူ ဘာဆက်လုပ်ရတော့မလဲ။
ဒီ ကိစ္စကို ဖြူဖြူ စဉ်းစားနေတာ
နှစ်ရက်တောင် ရှိသွားပြီ။  ကံကောင်းလို့ပေါ့
ကျောင်းက စနေ ၊ တနင်္ဂနွေ နှစ်ရက်ပိတ်
နေလို့။

" လွန်ကြိုးဖြူဖြူ ကို ခေါ်ပေးပါ မာသာ
ကျမ သူနဲ့ စကားပြောချင်တယ် "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now