☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 3 )လွယ်အိတ်ကျလို့ ဖြူဖြူ ကောက်နေတုန်း
ခနဲ့တဲ့ စကားနဲ့ ဖြူဖြူ မေးဖျားကို ဆွဲယူလိုက်
သော လူကြောင့် လက်တွေက အရှိန်ထိန်းမ
ရဘဲ ထိုလူပါးကို ဖြူဖြူ ရိုက်ချပစ်လိုက်သည်။" ဖြန်း...!!! "
" တောက်စ်..!!! "
ဟိန်းကနဲ တောက်စ်ခေါက်တဲ့ အသံကြောင့်
ဖြူဖြူ ကိုယ်လေးတုန်တက်သွားပြီး
ကြည့်လိုက်မိရာ ထိုလူက ခေါင်ယံမှိုင်း
ဆိုသော ကောင်လေးပေ။ရှောင်ပါမယ်ဆိုမှ ဖြူဖြူ က တကယ့်လူနဲ့
ပက်ပင်းတိုးပြီး ပါးပင်ရိုက်လိုက်မိသေးသည်။အကြောတွေ ပြိုင်းပြိုင်းထကာ လက်နဲ့ ရွယ်ဖို့
ပြင်နေတဲ့ သူ့ လက်တစ်စုံကြောင့် ဖြူဖြူ
မျက်လုံးလေး ပြူးကာ ကြည့်နေမိသည်။ခေါင်... ခါတိုင်း ကျောင်းက ကောင်မလေး
တစ်ချို့က သူနဲ့ တိုက်ချင်ယောင်ဆောင်ပြီး
လာလာရောတတ်ကြ၍ ဒီအကွက်တွေက ရိုးနေ
ပြီဖြစ်၍ ပြန်ပြောလိုက်ရာ ပါးပြင်ပေါ်
ရောက်ချလာသော လက်ဝါးက အံ့မခန်း။မာမီတောင် သူ့ ပါးကို မရိုက်တာ၊ ဒီမိန်းမက
သူ့ ပါးကို ရိုက်လိုက်၍ စိတ်တိုပြီး ပြန်
ရိုက်ဖို့အရွယ် မြင်လိုက်ရသော မျက်နှာလေးကြောင့်
သူ ဆွံ့အမိသွားသည်။ဘာလို့ မိန်းကလေး တစ်ယောက်က အဲ့ဒီလောက်
တောင် ချောရတာလဲ...။ချောတဲ့ မိန်းကလေးတွေကို သူ မြင်ဖူးပါသည်။
ဒါပေမဲ့ သူ့  ရှေ့က ဒီမိန်းကလေးလောက်
ချောတာတော့ မမြင်ဖူးပါ။ဝိုင်းစက်စက် မျက်ဝန်းလေးတွေက နက်မှောင်
ရွန်းလဲ့နေသော မျက်တောင်လေးတွေရဲ့
တစ်ချက်ခတ်လိုက်တိုင်း ပိုကာ အသက်ဝင်
လို့ သွားသည်။ မသိရင် ပြတိုက်ထဲက
အဖိုးတန် အရုပ်လေး ကျနေသလိုပေ။နှာတံလေးဆို စင်းပြီး အောက်ဖျားမှာ လုံးဝန်း
သွားတော့ ဆွဲဖဲ့ချင်စရာကောင်းလှသည်။
ပါးပြင်ပေါ်မှာ လိမ်းထားတဲ့ သနပ်ခါးလေး
ကလည်း မွှေးပစ်ချင်စရာကောင်းနေသည်။

YOU ARE READING
အချစ်ကသူစေစားရာ 🌚🌚 ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ)
Romanceအမွှာချင်း တူပေမယ့် သူမရဲ့ မွေးဖွားမှုမှာ ဒွိလိင် ပါဝင်နေတဲ့အတွက် ဖခင် ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လွန်ကြိုးဖြူဖြူ.... ဒွိလိင် ဖြစ်တဲ့ လွန်ကြိုးဖြူဖြူ ကိုတော့ ဖခင် ဖြစ်သူက စွန့်ပစ်တာတောင် ရိုးရိုးတန်းတန်း မစွန့်ပစ်ခိုင်းဘဲ ရထားလမ်းပေါ် စွန်...