Part - 13 ( Zg + Uni)

5.9K 286 13
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 13  )

ဖြူဖြူ မလိုက်ချင်သော်လည်း အတင်းတွေ
ခေါ်နေ၍  တစ်ကိုယ်လုံး အေးစက်ပြီး
ကြောက်နေမိသည်။

ဒီအချိန်ချိန်မှာ တစ်ယောက်ယောက်လာကယ်​ပေး
ရင် သိပ်ကို ကောင်းမှာပဲ။

" ပွမ်..ပွမ်.. .!!!  "

ဟွန်းသံနဲ့အတူ ဦးနိုင်စေမာန် ကားရှေ့ ပိတ်ရပ်
လိုက်သော ကားကြောင့် လွန်ကြိုးဖြူဖြူ ကို
ကားပေါ်ခေါ်နေတဲ့ ဦးနိုင်စေမာန် အလိုမကျ
ဖြစ်လို့ သွားသည်။ 

" တောက်စ်...!! ဘယ်က ကောင်လဲ...?? "

တစ်ချက်မာန်မဲရင်း လွန်ကြိုးဖြူဖြူ ကို
ကားပေါ် တက်ခိုင်းနေတာ ခဏရပ်ရင်း
ဦးနိုင်စေမာန် လှည့်ကြည့်လိုက်၏ ။

"  ကျုပ်ပဲ ဦးနိုင်စေမာန်... "

" ဟင်... သားခေါင်ယံ "

" ဟုတ်တယ် ကျုပ်... ဒါနဲ့ အန်တီကြည်ဖြူ
ရော "

" သူ  မပါဘူး သားခေါင်ယံ... အခုက
အန်ကယ် တစ်ယောက်တည်းပဲ "

ဦးနိုင်စေမာန် ပြောတာကို ခေါင်ယံမှိုင်း သူ့
ပါးစောင်အား လျှာနဲ့ သပ်လိုက်ရင်း
မျက်ခုံးတွေကို ထိစပ်အောင်ထိ
ကျုံ့ပစ်လိုက်သည်။

" ဒါဆို သူ့ကရော..."

လွန်ကြိုးဖြူဖြူ ကို မေးဆတ်ကာ ပြလာတော့
ဦးနိုင်စေမာန် သူ့ မျက်နှာကို ရယ်သွမ်းသွေးကာ...

" ဪ ဒီကလေးမလား...?? ဒီက​လေးမက
အန်ကယ်ကားနဲ့ လမ်းကြုံလိုက်ချင်တယ်ဆိုလို့
အန်ကယ်က ကူညီပေးမလို့ပါ...
အမြင်​မ​တော်​လို့​လေ သား​ခေါင်​ယံ...
သားလည်း သိတယ်​မလား အန်​ကယ်​က
လူတိုင်းကို တအားကူညီ​ပေးတတ်​တာ​လေ  "

" မသိပါဘူး ကျုပ်က ခင်ဗျား အိပ်​ဖို့များ
ခေါ်လားသလားလို့.... "

"  မဟုတ်ပါဘူး သားခေါင်ယံရယ်
အန်ကယ်ဒီလို ကိစ္စ တွေ မလုပ်တော့တာ
မင်းလည်း သိသားနဲ့ "

" အဟက်.. "

ဦးနိုင်စေမာန် အပြောကို ခေါင်ယံမှိုင်း တစ်ချက်
မဲ့လိုက်ကာ ကားနောက်ခန်းထဲက စက်ဘီးကို
သွားထုတ်သည်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now