Part - 5 ( Zg+ Uni)

6.5K 313 4
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 5 )

" လွှတ်နော် ခေါင်ယံမှိုင်း... !! မင်း
မလွှတ်ရင် မင်း မျက်နှာကို ငါ ကုပ်ဆွဲပစ်မှာ "

" ဆွဲစမ်းပါ.....ခင်ဗျား ဆွဲရင် ကျုပ်ကလည်း
ခင်ဗျား မျက်နှာကို ပြန်ဆွဲပစ်မှာ...
လက်နဲ့တော့ မဟုတ်ဘူး ပါးစပ်နဲ့.. .!! "

" မင်း... .!!!!! "

စိတ်တိုကာ အသားတွေတဆက်ဆက်တုန်နေ
သော ဒေါ်ဖြူဖြူ ပုံစံက သိပ်ကိုလှသည်။
ရူးလောက်ချင်တဲ့ အလှမျိုးပေ။
တစိမ့်စိမ့်ကြည့်လေ ငေးကြည့်ချင်စရာကောင်းလေ
ဆိုတာ ဒီမိန်းမကိုများ ပြောတာလား။

" ဒီနေ့ကစပြီး ခင်ဗျား နာမည် ဒေါ်ဖြူဖြူ ပဲ...
ကျုပ် ခေါ်ရင် ခင်ဗျား ထူးရမယ်....
ကျုပ်ကို တွေ့ရင် ခင်ဗျား နှုတ်ဆက်ရမယ်
မသိချင်ယောင် မဆောင်ရဘူး "

" ရူးနေလား..!!  မင်း ပြောသလို ငါ့က
ဘာလို့ လုပ်ပေးရမှာလဲ...?? လွန်ကြိုးဖြူဖြူ
ဆိုတဲ့ ငါ့က သူများခိုင်းတိုင်း လိုက်​လုပ်ရအောင်
အစေခံ မဟုတ်ဘူး "

အသားတွေ တဆက်ဆက်တုန်ကာ ဆံနွယ်တွေ
လှုပ်ရှားသွားတဲ့အထိ သူ့ကို ရန်ပြန်တွေ့နေတဲ့
ဒေါ်ဖြူဖြူ က သိပ်ကို လှသည်။
ဒီလို ကတ်ကတ်လန်ပြန်ပြောတာလေးကို
သူ အရမ်းကြိုက်သည်။

" ခင်ဗျားကို အစေခံလို့ ကျုပ် မပြောဘူး
ဒေါ်လွန်ကြိုးဖြူဖြူ...!!  ခင်ဗျား ဘာသာ
တွေးချင်ရာတွေ လျှောက်တွေးနေတာ...
တကယ်လို့ ကျတော် ပြောသလို ခင်ဗျား
မလုပ်ရင် ခင်ဗျားရဲ့ scholarship ဆုလေးက
အဟမ်း..!! "

ပြောရင်း အဆုံးသတ်မှာ ရယ်မောကာ ခနဲ့လိုက်
သဖြင့်​ သူ့ ရင်ခွင်ထဲကနေ ဖြူဖြူ အတင်း
ရုန်းထွက်လိုက်သည်။ သူ သိနေတာလား။
ဖြူဖြူ က ဒီကို scholarship နဲ့ လာတက်
တယ်ဆိုတာကို။
ဒါ့ကို သူ့က ဘယ်လိုသိနေတာလဲ။

" အံ့ဩသွားလား ခင်ဗျား ဒီကို scholarship
နဲ့ လာတက်တာ ကျုပ်သိနေတာကို....
အံ့ဩမနေနဲ့....!!  ခေါင်ယံမှိုင်း ဆိုတဲ့ ကျုပ်က
တကူးတက လိုက်စုံစမ်းစရာမလိုဘူး...
လက်ဖျောင့်တစ်ချက် တီးလိုက်ရုံနဲ့ ခင်ဗျား
အကြောင်းတွေ အကုန်သိတယ် "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now