Part - 35 ( Zg + Uni)

5K 241 9
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 35  )

" ဦးက ခေါင်ယံမှိုင်း အဖေပါ...
ဦးအခု ဒီရောက်လာတဲ့ အကြောင်းအရင်းက
ဦး သားနဲ့ ပတ်သက်ပြီး ပြောချင်လို့ပါ
သမီး သိမှာပါ ဦး သားနဲ့ စေ့စပ်ထားတဲ့
ချစ်သည်းမာန် ဆိုတဲ့ မိန်းကလေး ရှိတာကို.."

သူမ ​ရှေ့က ဦး​နေယံ ​ပြော​နေတဲ့စကား
တွေကိုသာ လွန်​ကြိုးဖြူဖြူ နား​ထောင်​​နေ
လိုက်​သည်​။ သူမ ဘာမှလည်း ပြန်​မ​ပြောခဲ့။

" အချိန်တန်ရင် ဦး သားက သမီးချစ်သည်း နဲ့
လက်ထပ်ရမှာ... အဲ့ဒါကို သမီး
သိမယ်ထင်ပါတယ်... ဦးက သမီးကို
သားသမီးချင်း ကိုယ်ချင်းစာပြီး
အခုလို လာပြောတာ​နော်​...နောက်မကျသေး
ပါဘူး သမီး...သမီးတို့ နှစ်ယောက်
ဘာမှ မဖြစ်ခင်အထိ နောက်ဆုတ်
ပစ်လိုက်တာ ကောင်းမယ်... မဟုတ်ရင်
သမီးပဲ နာကျင်ရလိမ့်မယ် သမီးက
မိန်းကလေး ....သား အ​မေလည်း
သိရင်​ သမီးကို လက်​ခံမှာ မဟုတ်​ဘူး "

ဂေဟာလာပြီး မာသာတို့ဆီ ဦးနေယံ ဆိုတဲ့
ဦးလေးကြီးက အလှူငွေတွေ ထည့်သွား
ပြီး ဖြူဖြူ နဲ့ စကားပြောချင်တယ်ဆိုလာ
တာကြောင့် အပင်အောက် ခေါ်သွား
ပေးလိုက်ရော ကြားလိုက်ရတဲ့ စကား
တွေကြောင့် ဖြူဖြူ မှင်သက်သွားရသည်။

တကယ်တမ်းတော့ ဒီဦးလေးက ခေါင်ယံမှိုင်း
အ​ဖေဖြစ်​ပြီး ​ခေါင်ယံမှိုင်း နဲ့ မပတ်သက်ဖို့
ဖြူဖြူ ကို လာပြောတာပဲ။

ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ခေါင်ယံမှိုင်း နဲ့
ဖြူဖြူ က လက်ထပ်ပြီးသွားပြီလေ။

နားလည်ပါတယ် ဒီဦးလေးရဲ့ သူ့ သား
အပေါ် ထားရှိတဲ့ စိတ်ကို။
မိဘပဲ ကိုယ့် သားသမီး ကိုယ် ကောင်းမွန်တဲ့
လူနဲ့  လက်တွဲသွားစေချင်တဲ့ လူတွေကြီးပဲ။

ဖြူဖြူ သာ ဒွိလိင် လို့ ခေါင်ယံမှိုင်း အဖေ
ဦးနေယံ သာ သိရင် အခုလိုတွေ စကားတွေ
က ချိုသာနေမှာ မဟုတ်ပါ။

" ဦး ပြောတာ သမီး နားလည်မယ်ထင်ပါတယ်
ဦးက သမီးကို တကယ့် စေတနာနဲ့ပါ "

" ဟုတ် ဦးလေး... ဖြူဖြူ နားလည်ပါတယ်
မိဘတိုင်းက ကိုယ့် သားသမီးကိုယ်
ကောင်းမွန်တဲ့ လူနဲ့ ရစေချင်ကြတဲ့
လူတွေချည်းပါပဲ... ခေါင်ယံမှိုင်း အပေါ်
ဦးလေး ထားတဲ့ ဖခင်​တစ်​​ယောက်​ရဲ့
စိတ်ကို  ဖြူဖြူ နားလည်ပါတယ် "

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now