Part - 51 ( Zg + Uni)

5.3K 315 13
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 51  )

"   ရှင်တို့က ဒါလေးတောင် ကြည့်မထားနိုင်
ကြဘူးလား... .?? အခု အဲ့ဒီကလေးမကို
ဘယ်သူ့က ခေါ်သွားတာလဲ.. .?? "

" ကျတော်လည်း မသိဘူးဗျာ့..ဒါပေမဲ့
ခေါ်သွားတဲ့ ကောင်လေးက အရပ်ရှည်ကြီးနဲ့
အရမ်းလည်း ချောတယ် "

ထောင်​မှူး စကား​ကြောင့်​ ​ဒေါ်ကြည်​ဖြူခင်
တစ်​မျိုး ဖြစ်​သွားကာ အနားက ​ဒေါ်ဆုမြတ်​ရှင်
ကို တစ်​ချက်​လှည့်​ကြည့်​လိုက်​သည်​။
ဒေါ်ကြည်​ဖြူ အကြည့်​ကို သိ​နေတဲ့ ​ဒေါ်ဆုမြတ်​ရှင်
မှာလည်း သူမသား မဟုတ်​ဘူးလို့ စိတ်​ထဲ
အတွင်​တွင်​ ငြင်း​နေခဲ့သည်​။

" ခေါ်သွားတဲ့ ကောင်လေးက ခေါင်ယံမှိုင်း လား ..?? "

" နာမည်တော့ ကျတော် မသိဘူး အစ်မ
အရမ်းချောတာပဲ သိတယ် "

" စောက်သုံးကို မကျဘူး "

" ကြည်ဖြူ ရယ် စိတ်လျှော့ပါအုံး.. .
ငါ မေးပေးပါအုံးမယ်..ငါ့ သား
မဟုတ်လောက်ပါဘူး သူ့က လန်ဒန်
သွားနေတာလေ "

" ဒီကောင်လေးလား ထောင်မှူး. ..?? "

ဒေါ်ဆုမြတ်ရှင် မှာ သူမ သား ခေါင်ယံမှိုင်း
မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း သူမ
လက်ထဲက ဖုန်းထဲက ​ခေါင်​ ဓာတ်ပုံကို ပြပြီး
မေးလိုက်သည်။

ဒေါ်ကြည်ဖြူခင် မှာတော့ ဒေါ်ဆုမြတ်ရှင်
လုပ်ရပ် ကို ကြည့်ပြီး ထောင်မှူး ဘာပြန်ဖြေ
မလဲဆိုတာ အရမ်းသိချင်နေလေသည်။

ဘေးနားမှာ ဦးနိုင်စေမာန်၊  ဦးနေယံ၊  သရဖီ၊
ဒေါ်တင်မြိုင်၊ ပန်းမြိုင်ဂေဟာက မာသာတို့
နှစ်ယောက်ပါ ရှိနေလေသည်။

" ဟုတ်တယ်.. ဟုတ်တယ် အစ်မ
အဲ့ဒီသူပဲ အဲ့ဒီကောင်လေး ခေါ်သွားတာ "

" ဟာ ...သားငယ် ဘာတွေ လျှောက်လုပ်နေတာ
လဲ...??  မနက်ဖြန်ပဲ အထက်က
ခေါ်တော့မှာကို....သွားပါပြီ ငါ့ သားလေး
အမှုထဲ ပါတော့မယ်... လွန်ကြိုးဖြူဖြူမ
ပိုင်းလုံးမ...!! ကြည်ဖြူ ရယ်
ငါ တောင်းပန်ပါတယ် အမှုကိုပြန်ရုတ်သိမ်း
လိုက်ပါတော့နော်...မဟုတ်ရင်ငါ့ သားပါ
အမှုထဲ ပါလိမ့်မယ်"

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now