Part - 68 ( Zg + Uni)

4.2K 217 2
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 68  )

ထိုနေ့က မင်္ဂလာပွဲပြီးတာနဲ့ ညတွင်းချင်း
ခေါင်ယံမှိုင်းတို့ ဘန်ကောက်ကို လေယာဉ်နဲ့ သွား
လေသည်။

ထိုထဲ သွေးသစ်တို့ အတွဲနဲ့ မိုက်ကယ်ပါ ပါသည်။

ဘန်ကောက်ကို ရောက်တာနဲ့ ခေါင်ယံမှိုင်းတို့
တကယ့် ဆရာဝန်ကြီးတွေနဲ့ ချိတ်ဆက်ကာ
မနက်လင်းပြီဆိုမှ လွန်ကြိုးဖြူဖြူ
ဒွိလိင်ကို ခွဲစိတ်ဖို့ ဆရာဝန်တွေနဲ့
ရက်ချိန်းသတ်မှတ်လေသည်။

လွန်ကြိုးဖြူဖြူ ခွဲစိတ်မယ့် နေ့လည်း ရောက်ရော
ခွဲခန်းထဲ ခေါင်ယံမှိုင်း သူပါဝင်ကာ
လွန်ကြိုးဖြူဖြူ ဘေးနား တစ်လျှောက်လုံး
ရှိနေပေးခဲ့သည်။

ခွဲစိတ်မှုပြီးသွားတဲ့အထိ လွန်ကြိုးဖြူဖြူ
လက်ကလေးကို ခေါင်ယံမှိုင်း ကိုင်
ထားလေသည်။

လွန်ကြိုးဖြူဖြူ ပုံမှန်လူအတိုင်း ဖြစ်သွားပြီ
ဆိုတာနဲ့ ခေါင်ယံမှိုင်း သူ့ ဗိုက်ထဲ
သားအိမ်ထည့်ဖို့ ဒေါက်တာတွေနဲ့ ဆွေးနွေး
ပါတော့သည်။

သားအိမ်ထည့်ဖို့ အတွက် ဒေါက်တာတွေ
ပေးတဲ့ လုပ်နည်းတွေ၊  စမ်းသပ်နည်းတွေ
အကုန်ပြီးပြီဆိုမှ ခေါင်ယံမှိုင်း ဗိုက်ထဲ
ဒေါက်တာတွေက သားအိမ်ထည့်ဖို့
ကြံပါတော့သည်။

အတော်ကြီးမားတဲ့ ခွဲစိတ်မှု ၊ သားအိမ်ထည့်မှုတွေ
ဖြစ်နေ၍ သုံးပတ်လောက် ဘန်ကောက်မှာ
ခေါင်ယံမှိုင်းတို့ ကြာသွားလေသည်။

ရန်ကုန်ပြန်ရောက်ပြီး တစ်လတောင်
သိပ်မကြာလိုက် ခေါင်ယံမှိုင်း ကိုယ်ဝန်
စရှိပါလေသည်။ ကိုယ်ဝန်က အမွှာပူးပေ။

ယောင်္ကျားလေး နဲ့ မိန်းကလေးပင်။
ဘာလို့ဆို အမွှာဖြစ်အောင် ခေါင်ယံမှိုင်း
ဟိုမှာကတည်းက ဘန်ကောက်က
ဒေါက်တာတွေကို သေချာမှာထားတဲ့
အတွက်ကြောင့်ပေ။

ကိုယ်ဝန်က လိင်ဆက်ဆံမှုကြောင့် ရတာ
မဟုတ်ပေမဲ့ လွန်ကြိုးဖြူဖြူ ရဲ့ မမျိုးဥကို
ယူပြီး ဆရာဝန်တွေက ခေါင်ယံမှိုင်း သုတ်ပိုး
နဲ့ သားအိမ်နဲ့ ဖန်တီးထားတာပေ။
သို့သော် လွန်ကြိုးဖြူဖြူ နဲ့ ခေါင်ယံမှိုင်းတို့
ရဲ့ သွေးသားပေ။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now