Part - 2 ( Zg + Uni)

7.4K 340 6
                                    

☆☆☆☆♡⃛ အချစ်က သူစေစားရာ ♡⃛ ☆☆☆☆
( Part - 2 )

" လာပါအုံး...!! ညိုလေး
ဖြူဖြူ မသွားခင်လေး
အာဘွားပေးပါရစေအုံး "

တစ်ချိန်က သူမကို ကယ်ခဲ့တဲ့ ခွေးမကြီး မိစွာ
ရဲ့ သမီး မိညိုကို လက်ယက်ခေါ်လိုက်ရာ
မိညို မှာ လွန်ကြိုးဖြူဖြူ ဆီ ပြေးလို့လာသည်။

ဒါ့က လွန်ကြိုးဖြူဖြူ ကျောင်းမသွားခင်
လုပ်လေ့ လုပ်ထရှိတဲ့ အလေ့အထပေ။

မိညို မှာလည်း သူ့ သခင်ခေါ်တာနဲ့ အပြေးရောက်
လာတတ်​သည်မှာလည်း အကျင့်တစ်ခုလိုပေ။

" ဖြူဖြူ ကျောင်းသွားတော့မယ်နော် ညိုလေး...
ပြန်လာရင် ညိုလေး အတွက် မုန့်တွေ
ဝယ်လာခဲ့မယ်.... တစ်ယောက်တည်း
ဖြစ်လို့ ဘာမှအားမငယ်နဲ့နော်.... ဖြူဖြူ
ညိုလေးကို တစ်သက်လုံး စောင့်ရှောက်ပေး
သွားမှာ ....ဟုတ်ပြီလား "

သူမ ကို ကြည့်နေတဲ့ မိညို ကို လွန်ကြိုးဖြူဖြူ
တစ်ချက်ကြည့်ကာ ရင်ခွင်ထဲ ထွေးပွေ့ရင်း
တက္ကသိုလ်သွားဖို့ အရေးကို မေ့ထားလေသည်။

မိညိုကလည်း လွန်ကြိုးဖြူဖြူ ဖက်တာကို
အမြီးလေးတနန့်နန့်နဲ့ ငြိမ်ခံလို့ပေ။

************************

" ဟယ် ချောလိုက်တာဟယ်.... ကောင်မလေး
က ရိုးရိုးယဉ်လေး.... နတ်သမီးလေး
ကျနေတာပဲ ဒီကောင်မလေးသာ ငါတို့
ကျောင်းက the whole king ​ခေါင်ယံမှိုင်း
နဲ့ တွဲလိုက်လို့ရှိရင် မိမိုက်မှာ သေချာပေါက်ပဲ "

" မိမိုက်တာတင် မဟုတ်ဘူး
နေနဲ့လ ရွှေနဲ့မြပါ ဖြစ်နေမှာ.... နင် ကြည့်လိုက်လေ
ဒီကောင်မလေးက အသားလေးကလည်း ဖွေး၊
ဆံပင်ကလည်း နက်မှောင်ပြီး အရှည်ကြီး၊
ကိုယ်လုံး ကိုယ်ပေါက်လေးကလည်း
အပြစ်ပြောစရာကို မရှိဘူး မျက်နှာလေးကလည်း
သနပ်ခါးလေးနဲ့တောင် ဒီလောက် ချောနေတာ....
ခေါင်ယံမှိုင်း နဲ့သာ တွဲလိုက်လို့ရှိရင် တကယ့်
ကျောင်းမှာ အမိုက်ဆုံး အတွဲဖြစ်သွားမှာ "

ဖြူဖြူ ကို ကြည့်ပြီး ပြောနေသော တက္ကသိုလ်ထဲက
ကောင်မလေးတွေရဲ့ စကားကို ဖြူဖြူ
မကြားချင်ယောင်ဆောင်ထားမိသည်။

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now