ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 2

1.2K 62 1
                                    

                   ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                          အခန်း   (၂)

.

.

.

" ဘာပြောဖို့လဲ! "

တိုက်, ခုံမှာတောင် မထိုင်ရသေးဘူး။တိုတိုပြတ်ပြတ် မေးခွန်းက နောက်​ကနေ တန်းထွက်လာသည်။

တီရှပ်နဲ့ ဘောင်းဘီတိုလေး ဝတ်ထားတဲ့ ချာတိတ်မလေးက ခြေထောက်တွေကို ခပ်ကားကားထားပြီး... ဂျစ်ကန်ကန် ပုံစံနဲ့ ရပ်နေတာကြောင့်...

" ဘာပြောဖို့လဲ... ဆိုတာကို မပြောသေးခင်၊အရင်ဆုံး မင်း လက်ကိုပိုက်၊ခြေထောက်နှစ်ချောင်းကို စုပြီး ငါ့ရှေ့မှာ သေချာ ရပ်နေ "

" ဦးလေးကြီး ရှေ့မှာ လက်ပိုက်ပြီး ရပ်ရအောင်၊တခေတ် က ဦးလေးကြီးဆီမှာ စာလာသင်တဲ့
ကျောင်းသား မဟုတ်ဘူး "

နှာနုရိုးက နာနေသေးပါတယ်ဆိုမှ...
ချာတိတ်မလေးက ထင်ထားတာထက် ပိုဂျစ်နေတာမို့... တိုက်, စိတ်က တော်တော်လေး တိုလာလေသည်။

" မင်း လူကြီးတစ်ယောက်အပေါ် မှာ ကိုယ်ထိလက်ရောက် အမှား ကျူးလွန်ထားပြီးရင်... တောင်းပန်ရမယ်ဆိုတာ မသိဘူးလား... "

လူကို အမဲဖျက်တော့မယ့် မျက်နှာကြီးနဲ့ သူ့နောက်လိုက်ခဲ့ဖို့... ခေါ်လို့.. ဘာများ ပြောတော့မလဲလို့... စိတ်ထဲက တွေးနေတာ။အခုတော့... ဦးလေးကြီး က သူ့ကို တခေတ် က တောင်းပန်တာကို လိုချင်နေတဲ့ ပုံစံမျိုး ဖြစ်နေတာကို တွေ့ရသည်။

ရွှေတခေတ် ဆိုတာကလည်း တောင်းပန်စကားဆိုရင် ပြောရမှာကို သေမလောက် ကြောက်တဲ့
အမျိုးဆိုတော့... တောင်းပန်ခံချင်နေတဲ့ ဦးလေးကြီးနဲ့တော့ တွေ့ပြီလေ။

" တောင်းပန်စကားက တခေတ် ကို မွေးကတည်းက ချက်ကြိုးနဲ့အတူ တွဲပါလာတဲ့ အရာမျိုး မဟုတ်ဘူး။တခေတ် ကို မွေးပြီးမှ တခေတ်နဲ့
အကြောမတည့်ဆုံး ဖြစ်တဲ့ တောင်းပန်စကားကို ဘယ်သူ့ကိုမှ မပြောနိုင်ပါဘူး "

ဂျစ်တာထက်၊ခေါင်းမာမူ့ကလည်း ကြီးသည့်
ချာတိတ်မလေးပဲ။တိုက်,ကလည်း အချိုးမပြေ၊
စကားနားမထောင်တဲ့ ကလေးမျိုးဆိုရင် ကြည့်မရတတ်။ကိုယ်တိုင်ကလည်း ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို၊နေထိုင်တတ်တဲ့ လူမဟုတ်တော့။ရှေ့မှာ
ရပ်နေတဲ့ ချာတိတ်မလေးသည် အတော်ကိုဆိုးတဲ့
မိန်းကလေး လို့ ကေောက်ချက်ချမိ၏။

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now