ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 12

990 41 1
                                    

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
or
ဦးရဲ့.... ချာတိတ်

အခန်း (၁၂)
.

.

.

" ဒယ်ဒီ "

" ဆက်, စိတ်မကောင်းဖြစ်နေတာလား။
ဒယ်ဒီ က သွေးနည်းနည်းတိုးသွားရုံပါ။ဆေးရုံမှာနေတာကလည်း သားသီဟနဲ့ သမီးစိမ်းတို့က စိတ်ပူပြီး နေခိုင်းလို့ နေနေရတာ။ဒယ်ဒီ ဘာမှ မဖြစ်ဘူး သား "

အခန်းထဲဝင်လာတဲ့ သားမျက်နှာက မကောင်းဖြစ်နေတာမို့... စိတ်မပူအောင် ပြောပေးရသည်။

" ကျွန်တော် တောင်းပန်ပါတယ် ဒယ်ဒီ "

" ဟင် "

ဆေးအရှိန်နဲ့ အိပ်ပျော်ပြီး၊အပေါ့အပါးသွားချင်လို့ တရေးနိုးလာတဲ့ ဦးမာန်ဇော်မှာ ရုတ်တရက်
တောင်းပန်စကားဆိုလာတဲ့ သားကြောင့်... အံ့ဩ ရလွန်းလို့ မျက်လုံးအပြူးသားဖြင့် အာမေဋိတ်သံပင် ထွက်သွားလေသည်။

" ကျွန်တော် က ဒယ်ဒီ့ရဲ့ စိတ်စေတနာကို မသိဘဲ
ဆိုးသွမ်းမိခဲ့ပါတယ်။အစ်ကိုထွန်းလင်းယံသာအပေါ်မှာရောပဲ ရိုင်းစိုင်းခဲ့မိပါတယ်။အဲ့ဒါတွေ အကုန်လုံးအတွက် တောင်းပန်ပါတယ်။ဒီနေ့ကစပြီး ကျွန်တော့်ကြောင့်နဲ့ ဒယ်ဒီ စိတ်ချမ်းသာစေရပါမယ်။ထပ်ပြီးတော့လည်း မဆိုးမမိုက်တော့ပါဘူး ဒယ်ဒီ "

" သား ကို ပြောပြလိုက်ကြပြီ ထင်တယ် "

" ဟုတ်ပါတယ်။ နောက်ကျရင် ဒယ်ဒီ နေမကောင်းတာပဲ ဖြစ်ဖြစ်၊ဘယ်လိုအကြောင်းကိစ္စတွေပဲ ရှိရှိ၊ကျွန်တော့် ကို ပြောပြ ပါ။ဒယ့်ဒီသားဖြစ်ပြီး သူများဆီကနေမှ ဒယ်ဒီ့အကြောင်းတွေကို ကျွန်တော် မသိချင်ဘူး။အဲ့ဒါကြောင့် ဘာကိစ္စပဲရှိရှိ ကျွန်တော့်ကို ပြောပါ့မယ်ဆိုတဲ့ ကတိကိုပေးပါ ဒယ်ဒီ "

" ဒယ်ဒီ ကတိပေးပါတယ်။ သားလည်း စိတ်မကောင်းဖြစ်မနေတော့။ဒယ်ဒီလည်း သက်သာနေလို့ မနက်ဖြန်ဆို ဆေးရုံကဆင်းပြီး အိမ်ပြန်တော့မှာ။သားလည်း အိမ်ပြန်ပြီးတော့ နားတော့။အိပ်ချိန်တောင် ကျော်ရောပေါ့ "

" ကျွန်တော် အိမ်မပြန်ဘူး။ဒယ်ဒီ့ကိုစောင့်အိပ်မှာ. "

" သား ဆေးရုံမှာ အိပ်ရင်၊လူတွေများတော့ နေရာမရှိဘူးလေ။သားသီဟနဲ့ သားယံ က ဟိုကုတင်မှာ နှစ်ယောက်အိပ်မှာ။သားအတွက်က နေရာမရှိဘူးလေ။အိမ်ပြန်နားလိုက်ပါ သား "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now