Part 34

793 44 1
                                    

        ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၃၄)

.

" အခု ဘာလုပ်ဖို့ စိတ်ကူးနေထားလဲ ရွှေတခေတ် "

" အခု ဇာတ်ကားကြည့်နေတယ်။ နေ့လည်စာ စားပြီးရင်၊တရေးတမော အိပ်မယ်။နိုးလာရင် လမ်းထိပ်မှာ မုန့်ထွက်စားမယ် "

" ဒေါက်! "

" အား... မေမေကလည်း နာတယ် "

" နာတယ် လုပ်မနေနဲ့၊နောက်တစ်ခါဆို ဗိုက်ခေါက်ပြတ်အောင် လိမ်ဆွဲတော့မှာ။အခုလို နဖူးကို ခေါက်မနေတော့ဘူး။ဘယ်နှယ့် ဘဝရှေ့ရေးအတွက် မေးတာကို၊ဖြေပုံက ပေါ့ပျက်ပျက်နဲ့ "

" မေမေကလည်း တခေတ်လည်း အခုလက်ရှိ  အတွေးထဲရှိတာကို ဖြေတာပဲ။ပြီးတော့ တခေတ်လည်း ဘာမှမလုပ်ဘဲနဲ့ နဖူးကိုခေါက်တယ် "

" မောင်နေတိမ်တိုက် ကို ခေါင်းရိုက်တယ်။မနေ့ညကလည်း ညဥ့်နက်သန်းခေါင်းကြီး အိမ်ကိုကနေ
အတင်းပြန်လွှတ်တယ်။အဲ့ဒါတွေက ညည်းလေး
မလုပ်လို့ ဘယ်သူက လုပ်တာလဲ ပြော "

" မေမေ က အဲ့ဦးလေးကြီးအကြောင်း ဘာမှမသိဘဲနဲ့ တခေတ်ကိုပဲ ဆူနေတယ်။အဲ့ဦးလေးကြီး က
တခေတ်ကိုချစ်တာ မဟုတ်ဘူး "

" ဟိုက မချစ်တာလည်း မပြောနဲ့လေ။ညည်း နေပုံ၊ထိုင်ပုံတွေက ဟုတ်မှမဟုတ်တာ "

" မေမေကလည်း တခေတ် နေတဲ့ ပုံစံအတိုင်းပဲ နေနေတာကို... "

" ယောက်ျားရနေပြီလေ၊နေချင်သလို နေလို့ရမလား။ယောက်ျားသဘောအောင် နေရမယ်လေ "

" မနေချင်ပါဘူး အဲ့ဦးလေးကြီး သဘောကျ "

" ယောကျ်ားသဘောကျမနေချင်ရင်၊ညည်းက
ဘယ်လိုနေမလို့လဲ ပြောစမ်းပါ "

" ဦးလေးကြီးနဲ့ မပေါင်းတော့ဘူး။တခေတ် မေမေနဲ့ပဲ နေတော့မှာ "

" ဒေါက် "

" အား... မေမေ "

ဒုတိယ ထပ်ခေါက်ခံရတာကြောင့် နာသွားတဲ့
တခေတ် နဖူးအာလူးသီးတောင် ထွက်ပြီးလားမသိ။

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now