Part 36

890 50 1
                                    

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၃၆)

" ဗိုက်ဆာနေပြီလား "

" ဟင့်အင်း "

" ဒါဆို ကိုယ်တို့ ဆိုင်ကို အရင်သွားလိုက်မယ်။ဆကအတို့လည်း စောင့်နေတာဆိုတော့... ဆိုင်မှာ ဝယ်ပြီးတော့မှ နေ့လည်စာ စားကြတာပေါ့ "

"................ "

ကားအပြင်ဘက်ကို မျက်နှာလွှဲကာ... နူတ်ဆိတ်နေတဲ့ သူမ။

" ဘာ ဘာလုပ်တာလဲ... "

ကားမောင်းနေရင်းက တခေတ်ရဲ့ လက်တစ်ဖက်ကို
လာကိုင်တဲ့ ဦးလေးကြီး။

" ချာတိတ် လက်ကလေး ကိုင်ထားချင်လို့ "

" သေချင်နေတာလား... အဲ့ဒါဆိုလည်း တခေတ်
ကားပေါ်မပါတဲ့ အချိန်ကျမှ ကားကို လမ်းဘေးချောက်ထဲ မောင်းချလိုက်၊အခုတော့ တခေတ် လက်ကို လွှတ်။ငယ်ငယ်လေးနဲ့ မသေချင်သေးဘူး "
သူမစကားကြောင့် တိုက်,ပြုံးမိ၏။

" ချာတိတ်နဲ့ မင်္ဂလာပွဲတောင် မလုပ်ရသေးတာ ကိုယ်လည်း မသေချင်ပါဘူး "

စကားဆုံးတော့ သူမဆီကနေ မျက်စောင်းလေးတစ်ချက်က ဒိုင်းခနဲ ရောက်လာခဲ့သည်။

" သေချင်တာပဲ ဖြစ်ဖြစ်၊မသေချင်တာပဲ ဖြစ်ဖြစ်
တခေတ် လက်ကိုလွှတ်ပြီး ကားကိုသေချာ မောင်း။ မသေချင်ဘူး "

" ကိုယ်နဲ့ သွားတဲ့ ဘယ်လမ်းခရီးဖြစ်ဖြစ်၊ချာတိတ် အပေါ်ကို ဘယ်လို အန္တရာယ်မှ မကျရောက်စေရဘူး "

" စောင့်ကြည့်ရတာပေါ့ "

" စောင့်ကြည့်ပါ ချာတိတ် ကိုယ့်ကို စိတ်မပျက်စေရပါဘူး "

အဲ့နောက် နှစ်ယောက်က စကားသံတွေ တိတ်ဆိတ်သွားခဲ့သည်က ဆက်တို့နဲ့ ချိန်းဆိုထားတဲ့ ဆိုင်ထဲရောက်တဲ့ အထိပင်။

........

" ရောက်နေတာ ကြာပြီလား "

" မကြာသေးပါဘူး။ကျွန်တော်တို့အတွက် ဝတ်စုံက ဝတ်ကြည့်ပြီးသွားပြီ၊ဘဲကြီးတို့ ဝတ်စုံပဲ ကျန်တော့တယ်။ဝတ်ကြည့်လိုက်အုံး။အဆင်မပြေရင် တစ်ခါတည်း ပြင်ခိုင်းလို့ရအောင် "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Tempat cerita menjadi hidup. Temukan sekarang