ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 22

889 49 2
                                    

                 ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၂၃)

.

" ဒီအိမ်ကို တကယ်ပဲ ဦးလေးကြီး ဝယ်ပေးတာလား မေမေ "

" ဦးလေးကြီး ဝယ်ပေးတာဆိုရင်တောင်၊အိမ်ကို
ဒီလိုမျိုးကြီး ခပ်မြန်မြန် ဝယ်လို့ရလို့လား... "

တခေတ် တွေးတွေးဆဆနဲ့ ပြောတော့...

" အိမ်ခြံမြေအကျိုးဆောင်ကို ဆက်သွယ်ပြီး ဝယ်ပေးတာလို့ ပြေောတယ်။အိမ်နဲ့ခြံရောင်းမယ့်နေရာ အသင့်ရှိလို့ ဒီလိုမြန်မြန်ဝယ်လို့ရတာတဲ့။
မနက်က ငွေချေပြီး၊ဒီညနေပိုင်းကို မေမေတို့ကို
ဒီမှာ ပြောင်းခိုင်းလို့ လာပြောင်းနေတာ။ပြီးတော့
ဒီနေ့က ရက်ရာဇာလည်းဖြစ်တယ်လေ "

မေမေ က အိမ်ထဲဝင်လာရင်းက တခေတ် မေးသမျှကို ဖြေပေးသည်။

" အငယ်လေးတွေရော မေမေ "

" မောင်နေတိမ်တိုက်က အတွင်းအရေးမှူးကောင်လေး ကို ကလေးတွေကို ပျင်းနေမှာဆိုးလို့တဲ့...
ဒီအနားမှာရှိတဲ့ ကစားကွင်းကို လိုက်ပို့ပေးခိုင်းထားတယ်။အဲ့ဒါကြောင့် အိမ်မှာ မရှိကြဘူး။မေမေကတော့ သမီး ဒီညနေ လာမယ်ဆိုလို့... ကလေးတွေနဲ့ လိုက်မသွားဘဲ နေခဲ့တာ "

" သမီးတို့ ညစာ စားပြီးပြီလား။မစားရသေးရင်
စားသွားကြမလား "

" ဦးလေးကြီး က စားပါ့မလား မသိဘူး။အလုပ်ကနေ ပြန်လာပြီး၊အိမ်ထဲတောင် မဝင်ရသေးဘူး။တခေတ် ကို မေမေ့ဆီ လိုက်ပို့တာ။မေးကြည့်လိုက်မယ် "

" အင်း "

ထိုအချိန်မှာပဲ ဦးလေးကြီးလည်း အိမ်ထဲကို ရောက်လာသည်။

" ဦးလေးကြီး ဗိုက်ဆာပြီလား။မေမေတို့ဆီမှာ
ထမင်းစားသွားချင်လား... "

" ဟင့်အင်း မစားချင်ဘူး။မင်း လာချင်လို့ လိုက်ပို့ပေးတာ။ပြီးရင် ပြန်မယ် "

မေမေ့အိမ်ရောက်လို့ ဖင်တောင် မထိုင်ရသေးဘူး။ပြန်မယ့်စကားပြောလာတဲ့ ဦးလေးကြီး ကို
တခေတ် အမြင်ကပ်စွာဖြင့်...

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now