ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
or
ဦးရဲ့.... ချာတိတ်အခန်း (၂၄)
.
" ချပ် ချာတိတ် "
တံခါးဖွင့်သံနဲ့အတူ အထဲဝင်လာတဲ့ ဦးလေးကြီး
ကြောင့်... တခေတ်မှာ အံ့သြသွားရသည်။" ဦးလေးကြီး ဘယ်လိုဝင်လာ... "
တခေတ်မေးနေရင်းက အခန်းထဲဝင်လာတဲ့ ဦးလေးကြီးလက်ထဲက သော့ကိုတွေ့လိုက်ရတာကြောင့်... မေးနေတဲ့စကားပင် ရပ်သွားခဲ့သည်။
" ထမင်းစားရသေးဘူးမလား။သွားစားရအောင် "
" စားချင်တဲ့စိတ် ပျောက်သွားပြီ "
တိုက်, ကုတင်ပေါ်မှာ ခြေချထိုင်ပြီး...
မျက်နှာလေး ဆူပုတ်နေတဲ့ သူမရှေ့ကို လျှောက်သွားလိုက်သည်။" အစာ မစားဘဲနဲ့ အိပ်ရင် ညကျ ဗိုက်ဆာနေလိမ့်မယ် "
" အခန်းထဲကနေ ထွက်သွား။အဲ့ဒါဆိုရင် ညစာ
သွားစားမယ် "" မထွက်ချင်ဘူး။မင်းရှိတဲ့ အခန်းထဲကနေ ထွက်ရမယ်ဆိုရင် မင်းနဲ့မှ ထွက်မယ် "
ဦးလေးကြီး က ပြီတီတီ မျက်နှာနဲ့ တခေတ်,ကို
ကြည့်ပြီး ပြောလာတာမို့..." ဦးလေးကြီး တခေတ် အခု စိတ်တိုနေတာနော် "
မျက်စောင်းလေးရွယ်ကာ ပြောတော့...
" သိတာပေါ့။ကိုယ့်မိန်းမ စိတ်ကောက်ပြီး၊တံခါးဖွင့်မပေးလို့ သော့သွားယူပြီး၊ကိုယ့်ဘာသာ ဖွင့်ဝင်လာရတာလေ "
" ဘာ! မိန်းမ ဘယ်သူ က ဦးလေးကြီး မိန်းမလဲ "
" ရွှေတခေတ် ဆိုတဲ့ မင်းလေ "
" လျှာအရိုးမရှိတိုင်း လျှောက်မပြောနဲ့။တခေတ်တို့က လက်ထပ်ရသေးတာ မဟုတ်ဘူး "
" စာချုပ်မှာ လက်မှတ်ထိုးထားပြီးသားလေ "
" လူမသိ၊သူမသိ ထိုးထားတာကို စကားထဲထည့်ပြောမနေနဲ့။အရာမဝင်ဘူး "
" ဒါဆို လူသိ၊သူသိဖြစ်သွားအောင် ဒီညကိုမင်္ဂလာဦးည အဖြစ်အသက်သွင်းပြီး၊နောက်နေ့ကျ
မင်္ဂလာဆောင်လိုက်မယ်လေ မကောင်းဘူးလား "
YOU ARE READING
ရင်ခုန်ခြင်း၏ အဓိပ္ပါယ် Completed
Romanceစည်းချက်မညီသော ရင်ခုန်သံ Fbက ဖျက်ချလို့ အကောင့်ပါဝင်မရတော့လို့.... ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် ဒါလေးကို အစားထိုးပြန်ရေးနေတာပါ။