ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 19

846 40 2
                                    

              ရင်ခုန်ခြင်း၏ အဓိပ်ပါယျ
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၁၉)
.
.

" ဦးလေးကြီး တခေတ် လက်နာ... "

တခေတ် ကို ဦးလေးကြီး က သူ့ကားနားအထိ
တရကြမ်းဆွဲခေါ်လာတာ ဖြစ်သည်။ ကားနားရောက်တော့မှ ဆွဲလာတဲ့ တခေတ် လက်ကို လွှတ်ပေးသည်။

လက်ကိုလွှတ်ပေးပြီး ခါးပေါ်ကို လက်နှစ်ဖက် တင်ထောက်ပြီး... တခေတ် ကို မျက်ထောင့်ကြီးနဲ့ စိုက်ကြည့်လာတာမို့... ပြောနေတဲ့ စကားက တစ်ဝက်နဲ့ ရပ်သွားရသည်။

" မင်း ဘာတွေလုပ်နေတာလဲ ရွှေတခေတ် "

" တခေတ် အလုပ်လုပ်နေတာလေ။ ဘာလုပ်လို့လဲ... "

" မင်းမှာ လုပ်စရာ လုပ်စရာက ဒီအလုပ်ပဲရှိသလား။တခြား အလုပ်တွေမရှိတော့ဘူးလား
ဟမ် "

ဦးလေးကြးစကားကြောင့် တခေတ် နူတ်ခမ်းလေးကို မဲ့လိုက်မိသည်။

" ဘွဲ့တစ်ခုတောင်မရသေးတဲ့ တခေတ်အတွက် အခုလုပ်နေတဲ့ အလုပ်က ရှာရတာ အလွယ်ဆုံးပဲ။ပြီးတော့ တခေတ်ရဲ့လက်ရှိအခြေအနေက
ဟိုအလုပ်မှ ဒီအလုပ်မှရယ်လို့ ရွေးချယ်ခွင့်ရှိတဲ့
အခြေအနေ မဟုတ်ဘူး။ကိုယ်မှန်းထားတဲ့ လခမျိုးလောက် ရရင်ကို အဲ့အလုပ်ကို မလွတ်တမ်း ဆုပ်ကိုင်ပြီး လုပ်နေရတဲ့ အခြေအနေပါ "

" အဲ့လိုဆိုတိုင်း ဘားဝိတ်တာ အလုပ်ကို လုပ်စရာလားကွ။မင်း အလုပ် လုပ်ချင်ရင်၊ငါ့ကိုပြောပါလား။ကုမ္ပဏီမှာ မင်းအတွက် အလုပ်နေရာ တစ်ခါလောက်တော့... ငါ့အနေနဲ့ ပေးလို့ရတယ် "

" ဦးလေးကြီးနဲ့ တခေတ်နဲ့က ဆိုင်မှ မဆိုင်တာ ကိုး... "

" ဘားကနေ အလုပ်ထွက်လိုက်တော့...
မနက်ဖြန် ငါ့ကုမ္ပဏီကို လာခဲ့ "

" ဟင့်အင်း... မလာချင်ဘူး "

" ရွှေတခေတ်! မင်း ဘာလို့ ငါ့စကားကို နားမထောင် ဖြစ်နေရတာလဲ "

ကိုယ့်စကားကိုဆို တစ်ခွန်းမှ နားမထောင်တဲ့
ချာတိတ်မလေးကြောင့်... တိုက်,မှာ ဒေါသထွက်ရ၏။ဒေါသကြောင့် ကိုယ့်အသံကလည်း ကျယ်သွားသည်။

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Onde histórias criam vida. Descubra agora