ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 4

1K 39 1
                                    

                ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                          အခန်း   (၄)
.

.

..

" ထိုင် သမီး။ မေမေ့ဆီ အလည်လာတာမလား။ဘယ်မှာတည်းလဲ "

" အလည်လာတာ မဟုတ်ဘူး။မေမေနဲ့အတူနေဖို့
လာခဲ့တာ "

" ရွှေတခေတ်! "

တဲအိမ်လေးထဲမှာ တခေတ် ကို ဒေါသသံဖြင့် အော်လိုက်တဲ့ မေမေ့အသံက ဟိန်းထွက်သွားသလို... တခေတ် ကိုယ်လေးသည်လည်း တုန်တတ်သွားလေသည်။

.

" တခေတ် ကို ဘာလို့ အော်တာလဲ။တခေတ် ဘာအမှားမှ လုပ်မထားဘူး မေမေ "

တခေတ် ပြောတော့... နွမ်းလျနေတဲ့ မေမေ့ နူတ်ခမ်းတွေက မဲ့သွားလေသည်။

" ငါ့ဘဝမှာ သေသည်အထိ ထပ်မပတ်သက်ချင်တော့တဲ့... လူတစ်ယောက်ဖြစ်တဲ့ နင့်အဖေနဲ့   နင့်အဖေမိသားစုဆီ အမုန်းခံပြီး၊ နင့်ကို သွားပို့ခဲ့တာက... အခုလိုမျိုး စုတ်ပြတ်နေတဲ့ ငါ့ဘဝထဲမှာ နင့်ကို မရှင်သန်စေချင်လို့။ဂုဏ်မြင့်သူဖြစ်တဲ့ နင့်အဖေရဲ့ သွေးတစ်ဝက်ပါတဲ့ နင့်ကို ဂုဏ်သိက္ခာရှိတဲ့ မိသားစုအသိုင်းဝိုင်းမှာ ကြီးပြင်းစေချင်လို့
သွားဖို့ခဲ့တာ "

" ဂုဏ်သိက္ခာရှိပြီး၊နွေးထွေး၊ကြင်နာမူ့ဆိုတာ...
တခေတ်အတွက် ဘာလဲ လို့ မေးယူနေရတဲ့ အဲ့ဒီအိမ်မှာ ဆက်မနေချင်တော့ဘူး။မပြည့်စုံရင်တောင်မှ နွေးထွေး၊ကြင်နာမူ့တွေ အပြည့်ရှိတဲ့
ဒီမှာပဲ တခေတ် နေချင်တယ်။တခေတ်အတွက်
ပြည့်စုံခြင်းဆိုတာမျိုး မလိုအပ်လို့... မေမေ့ဆီမှာ
နေခွင့်ပေးပါနော် မေမေ "

ဒေါ်သန္တာမှာ ညိုးငယ်သော မျက်ဝန်းတွေနှင့် သူမဆီမှာ နေခွင့်တောင်းနေတဲ့... သမီးကြောင့် ရင်တွေလည်း နာကျင်ရပါ၏။

ဒေါ်သန္တာ၏ လက်ရှိအခြေအနေမှာ တစ်နေလုပ်မှ
တစ်နေ့စားဘဝဖြစ်ပြီး... နေနေရတဲ့ အရပ်ဒေသသည်လ​ည်း ပျံကျလိုနေရဖြစ်နေတာမို့... အရွယ် ရောက်နေပြီဖြစ်တဲ့... သမီးပျိုလေးအတွက် မသင့်တော်တာထက်၊လုံခြုံမူ့မရှိဘူးလို့ ခံစားမိသည်။
အဲ့ဒါအပြင် သူ့ဆီမှာ သမီးလေးနေရင် အနေရော
၊အစားရော ဆင်းရဲရမှာ။အခုဆို သမီးကိုယ်ပေါ်မှာ အမေဖြစ်တဲ့ သူအနေနဲ့ မဆင်ပေးနိုင်တဲ့ အကောင်းစား အဝတ်အစားတွေနဲ့ ရွှေတို၊ရွှေစလေးတွေပင် ရှိနေသည်လေ။

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now