Part 31

831 42 1
                                    

                ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၃၁)
.

" ချာတိတ် "

" ဘာလဲ! "

ညင်းသာလိုက်တဲ့ ဖြေသံလေး။လူတောင် ကံကောင်းလို့ လေထဲလွင့်မပါတယ်။

" ကိုယ့်နားထင်က ရောင်နေတယ်။အဲ့ဒါ ဘယ်လိုဖြစ်တာလဲ "

" ဘယ်လိုဖြစ််တယ်လို့ ထင်လို့လဲ "

" ဘယ်လိုဖြစ်တယ်ဆိုတာ ကိုယ် စဥ်းစားလို့မရဘူး။အာ့ကြောင့် ချာတိတ် ကို မေးတာ "

" ဦးလေးကြီး ခန္ဓာကိုယ်ပေါ်မှာ ဖြစ်တဲ့အရာကို
ကာယကံရှင် ဦးလေးကြီးတောင် မသိတာ၊
တခေတ် က အကြားအမြင်ရနေတဲ့ သူမှမဟုတ်တာ သိမလား "

လေသံက မာပြီး၊ဖြေတဲ့စကားက ဘုကန့်လန့်ဖြစ်နေတာကို ကြည့်ရင်ဖြင့်... အခုချိန်မှာသာ အမှားတစ်ခုခု လုပ်မိရင် အိမ်ထဲကနေတောင် တွန်းထုတ်ခံရနိုင်သည်။

သူမကို ပညာပြဖို့ အစီစဥ်ချထားသော်လည်း၊လက်ရှိအခြေအနေက ကိုယ်က အမှားသေးသေးလေးတောင်မှ လုပ်လို့မဖြစ်တဲ့ အနေအထားဖြစ်နေတာမို့... အသက်တောင်ပြင်းပြင်း မရှူရဲ။

" အဲ့မှာ ဘာရပ်လုပ်နေတာလဲ။မျက်နှာသစ်ပြီးပြီမလား... ပြန်တော့ "

" ကိုယ် ပြန်မှာပါ။မပြန်ခင် စားစရာလေး တစ်ခုခုလောက် ကျွေးပါလား။ဗိုက်ဆာနေလို့ပါ "

" MD ကျွန်တော် မနက်စာစားဖို့ အမှီ လာခေါ်ပါတယ်။အဒေါ်တင်ကိုလည်း အမူးပြေဟင်းရည်
ချက်ခိုင်းထားပါတယ် "

မင်းအမေလင်နဲ့ မင်းကြီးတော်ကို မနက်စာ သွားကျွေးပါလား ခွေးသားရဲ့။ငါ့နှယ် အချိန်ကောင်းကိုမှ လာဖျက်စီးရတယ်လို့။

တိုက်,မှာ စိတ်ကောက်နေတဲ့ မိန်းမကို ယောက္ခမပြန်မလာခင် ချော့မလားလို့ လုပ်ပါတယ်။အလိုက်မသိ အချိန်ကိုက် ရောက်ချလာတဲ့ ဖြိုးသူဆိုတဲ့ကောင်ကို နားဘန်ကျင်းပြီး၊တံခါးပေါက်ကနေ ကန်ထုတ်ပစ်လိုက်ချင်တော့သည်။

" ဘယ်အချိန်ရှိသေးလို့ မင်းက ရောက်လာတာလဲ။ငါက လာခေါ်လို့ မင်းကို ပြောထားလို့လား
ဖြိုးသူ "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now