ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 14

834 41 2
                                    

                ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၁၄)

.
.
.

" ဝေါ... ဝေါ... ဝှီး... ဝှီး... ဂျိမ်း ဒလိမ်း "

" အမလေး... ကြောက်စရာကြီး။မိုးတွေက မတိတ်တော့ဘူးလား မသိဘူး "

ဧပရယ်လကျော်ပြီမို့ မိုးက အချိန်မရောက်သေးပေမယ့် အားကောင်းစွာ ရွာချနေသည်။မိုးကရွာ
မိီးကလည်း ပျက်နေတာမို့... မြို့ထဲမှာ အလုပ်ရှာပြီး အပြန်၊လမ်းမှာတွေ့လို့ ပြန်လိုက်ပို့ပေးတဲ့ ဆက်, ကို အဖော် ခဏခေါ်ထားရသည်။

အကြောင်းကတော့... မိုးရွာပြီး မီးပျက်လို့ မှောင်နေတဲ့ တိုက်ခန်းထဲမှာ တစ်ယောက်တည်း မနေရဲလို့ပါ။ဦးလေးကြီးကလည်း ပြန်မလာသေးတဲ့ အပြင် ဖုန်းပါ ဆက်မရတာကြောင့် တစ်ခုခုဆို
အားကိုးဖော် သူငယ်ချင်းလေး ရှိတာက ကောင်းသည်လေ။

" တခေတ် နင့် ဘဲကြီး က အချိုးကိုမပြေဘူး။
ဖုန်း ထပ်ဆက်ကြည့်၊ဒီတစ်ခါမှ ထပ်ခေါ်မရရင်
နင့်အမေနဲ့ ဒီည သွားအိပ်လိုက် "

" အင်း... ငါ ထပ်ဆက်ကြည့်မယ် "

" လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသဖြင့်... "

" ဖုန်းက စက် ပိတ်ထားတုန်းပဲ ဆက် "

" ကျစ်... အလကား ဘဲကြီး။ကိုယ် ယူထားတဲ့
မိန်းမ ကို ညမိုးချုပ်ထိ ပစ်ထားတာ တော်တော်လွန်တယ်။တွေ့လို့ကတော့ ဆွဲထိုးပစ်အုံးမယ် "

" ဆက်,ကလည်း "

" ဆက်,ကလည်း မလုပ်နဲ့။ နင်နဲ့ ဘဲကြီး က ယူထားကြတာရော ဟုတ်ရဲ့လား... "

" ဘာလို့လဲ ဆက် "

" ဟ ဘာလို့ရမှာလဲ...၊ နင်တို့ ယူထားတယ်ဆို
မင်္ဂလာဆောင်ရမှာပေါ့။အခုက မင်္ဂလာပဆောင်တာလည်း မတွေ့၊နင့်ကိုလည်း ဟိုက ဂရုလည်းမစိုက်နဲ့ဆိုတော့... နင်တို့ ယူထားကြတာရော ဟုတ်ရဲ့လား ဆိုပြီး သံသယဝင်တာပေါ့ "

တခေတ်မှာ ဆက်,အပြောကြောင့် မချိပြုံးလေးဖြင့်...

"  တကယ်တော့ ငါတို့က လက်မထပ်ရသေးဘူး။လက်ထပ်ရင်တောင် နောက်ငါးလကြာမှ လက်ထပ်ရမှာ "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now