Part 29

820 47 1
                                    

                 ရင်ခုန်ခြင်း၏ အဓိပ်ပါယျ
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၂၉)
.

" မြေးမလေး ဒါက ဘယ်သွားမလို့လဲ "

" တခေတ် မေမေ့အိမ်ပြန်တော့မယ် အဘိုး "

" ဟေ... ဘာလို့လဲ မြေးမလေး။ပြဿနာတစ်ခုဖြစ်ရင် ရှောင်ထွက်သွားတာထက်၊သေချာ ဖြေရှင်းရတယ်။မဟုတ်ရင် မြေးမလေးနဲ့ မြေးကြားမှာ နာကျင်စရာတွေ ဖြစ်လာလိမ့်မယ် "

" တခေတ်ကိုမချစ်တဲ့ လူကြောင့် နာကျင်စရာဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။တခေတ် ဦးလေးကြီးနဲ့လည်း စကားပြောပြီးပါပြီ။တခေတ် မေမေ့ဆီ ပြန်မှာလည်း သိပါတယ်။အဘိုးဆီကို တခေတ် အားတဲ့အခါ လာလည်ပါ့မယ်။အခုတော့ သွားလိုက်ပါဦးမယ် "

အဝတ်အိတ်ဆွဲပြီး ထွက်သွားတဲ့ မြေးချွေးမလေးကြောင့် ဦးသောကမှာ စိတ်မောသွားရ၏။

" ဒါက ဘယ်လဲ။မြေးမလေးနောက်ကို လိုက်သွားမလို့လား "

" မနေချင်လို့ ထွက်သွားတဲ့ လူနောက်ကို လိုက်သွားစရာ အကြောင်း မရှိပါဘူး အဘိုး "

" ဒါဆို လိုက်မခေါ်တော့ဘူးလား။တကယ်ပဲ
မြေးမလေးနဲ့ မင်းက လမ်းခွဲမလို့လား... "

" လိုက်မခေါ်ဘူးဘဲ ပြောတာ။လမ်းခွဲမယ်လို့ မပြောဘူး "

" လိုက်မခေါ်ဘူးဆိုရင် အခု ဘယ်သွားမလို့လဲ "

" အလုပ်ရှိလို့ ကုမ္ပဏီကို ပြန်သွားမလို့ "

" အော်... မင်း က အလုပ် လုပ်နိုင်သေးတယ်ပေါ့။မိန်းမက အထုပ်ဆွဲပြီး အိမ်ကနေ ထွက်သွားတာတောင် "

" အလုပ်မလုပ်နိုင်ရအောင်၊ကျွန်တော်နဲ့ ချာတိတ် က ကွာရှင်းလိုက်တာလည်း မဟုတ်ဘူး။ကွာရှင်းမှာလည်း မဟုတ်ဘူး။တခဏ စိတ်အဆင်မပြေလို့ ချာတိတ် က သူ့အမေအိမ် သွားနေရုံလေးပဲ "

" ဟိုက သူ့အမေဆီပြန်တာ တခဏမဟုတ်ဘဲ၊တစ်သက်လုံးဆို မင်း ဘယ်လိုလုပ်မလဲ "

" အဲ့လိုအဖြစ်ခံမှာ မဟုတ်လို့... အဲ့လိုဖြစ်လာစရာ အကြောင်းကို မရှိဘူး။ပြီးတော့ ရွှေတခေတ် က
ကျွန်တော့်မိန်းမပဲ ဖြစ်ရမယ်။ဘယ်ကောင်နဲ့ ယူခွင့်ရော၊ကြိုက်ခွင့် မရှိစေရဘူး "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now