ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 18

854 44 5
                                    

                 ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၁၈)

.

.

" မေမေ သန့်ရှင်းရေး အလုပ်သွားရတော့မှာ။သမီး ထတော့နော်။အလုပ်သွားဖို့ နောက်ကျနေမယ် "

" ဟုတ်... "

" မနက်ခင်းစာကို မေမေ မုန့်ဟင်းခါး ဝယ်ထားပေးတယ်။စားသွားလိုက်နော် "

" ဟုတ်... "

" ဟင်း... "

အိပ်ရာထက်မှာ မျက်လုံးမဖွင့်နိုင်ဖြစ်နေတဲ့
သမီးကြီးကို ကြည့်ပြီး... ဒေါ်သန္တာမှာ စိတ်မကောင်းဖြစ်မိရသည်။အသက်နှစ်ဆယ်တောင်
မပြည့်သေးတဲ့ ကလေးက မနက်ရော၊ညရောအလုပ်နှစ်ခုကိုလုပ်ပြီး၊ပင်ပန်းနေရတာကို မကြည့်ရက်နိုင်ဖြစ်နေရ၏။

မကြည့်ရက်လို့ အလုပ်မလုပ်ဖို့ တားချင်မိပေမယ့်... ကိုယ်ကလည်း သားသမီးတွေရဲ့ဘဝတွေကို
ပြည့်စုံဖူလုံအောင် ထားပေးနိုင်တာမျိုး မဟုတ်လေတော့... ရင်မောစွာနဲ့ သက်ပြင်းကိုချပြီး အလုပ်ရှိရာကိုသာ ထွက်လာခဲ့ရသည်။

စိတ်ထဲမှာတော့ တစ်ညလုံးနီးပါး အလုပ်လုပ်ပြီးမှ ​အိမ်ကိုပြန်လာရကာ... သုံးလေးနာရီလောက်သာ အိပ်ချိန်ရတဲ့ သမီးကြီးကို အိပ်ရေးဝဝ အိပ်စေချင်မိသည်။

" အား... အိပ်ချက်လိုက်တာ "

မျက်နှာသစ်ပြီး၊အဝတ်စားလဲနေတဲ့အထိ လူက
အိပ်ချင်နေသေးတာမို့... တခေတ် အပျင်းကြောဆန့်ရင်း ညီးညူလိုက်သည်။

အိပ်ချင်နေတဲ့ စိတ်သည်၊မေမေ့အတွက်၊အငယ်လေးတွေ အတွက်လို့  စိတ်ထဲကနေ တွေးလိုက်မိတာနဲ့ အိပ်ချင်စိတ် ပျောက်ပြီး၊ အလိုလို ခွန်အားတွေ ရလာသည်။

မြန်ဆန်စွာ အဝတ်စားလဲပြီး၊မေမေ ဝယ်ထားပေးခဲ့တဲ့ အဆာပြေ မုန့်ဟင်းခါး စားဖို့ ထမင်းစားခန်း ဆီကို ထွက်လာခဲ့သည်။

" မမ ကော်ဖီ သောက်လား... "

" အင်း သောက်မယ် "

" ဒါဆို  ဖျော်လိုက်မယ် "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Donde viven las historias. Descúbrelo ahora