ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 11

966 41 0
                                    

              ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၁၁)
.

.

.

" ဦးလေးကြီး "

" ဘာလဲ! "

" ဘေဘီလေး လန့်မှာဆိုးလို့ မအော်နဲ့လို့ ပြောထားတယ်လေ ဦးလေးကြီး "

" ရွှေတခေတ်  ကျစ်! "

တိုက်, စိတ်တိုလွန်းလို့ ချာတိတ်မလေးကို အော်မလို့ အဝတ်ဗီရိုရှေ့ကနေ နောက်ကိုပြန်လှည့်ကြည့်လိုက်မိသည်။

ကုတင်ပေါ်မှာ ခြေတွဲလောင်ချ ထိုင်နေပြီး...
ပြားချပ်နေတဲ့ ဗိုက်ပေါ်ကို လက်ဖဝါးတစ်ဖက်တင်ကာ... လူကို "ဘာလဲ အော်အုံးမလို့လား" ဆိုသည့် အထားနှင့် မျက်မှောင်ကုတ်၍ ကြည့်နေသည့် ချာတိတ်မလေးကြောင့် ပြောစရာ စကားတို့ ပျောက်ရှသွားရသည်။

" ရွှေတခေတ် မင်း! "

" ဟိုး... ခဏလေး။တခေတ်နဲ့ စကားမပြောခင်
အင်္ကျီအရင် ဝတ်လိုက်ပါနော်။တော်ကြာ ဦးလေးကြီးရဲ့ ပေါင်မုန့်ချပ်ကြီးတွေ အအေးပတ်ကုန်မှာဆိုးလို့ပါ။အင်္ကျီဝတ်ပြီးမှ ဒီမှာ အတူလှဲအိပ်ရင်း
စကားပြောကြတာပေါ့ "

စကားပြောနေတာကို လက်ပြတားပြီး ပြောလိုက်တဲ့ ချာတိတ်မလေး စကားက တိုက်, အား ဒေါသဖြစ်စေသည်။

ငါ ဒီအကောင်ပေါက်လေး ကို ကိုင်ပေါက်မိတော့မယ်။ငါးလ၊ဟုတ်တယ် ငါးလပဲ။သည်းခံ နေတိမ်တိုက် သည်းခံ။

ရေချိုးပြီးစ အဝတ်မဲ့နေတဲ့ ကိုယ့်ရဲ့ကျစ်လစ်သန်မာတဲ့ ရင်အုပ်နဲ့ဗိုက်ကြွက်သားတွေကို ပြောင်စပ်စပ် မျက်နှာနဲ့ ကြည့်ကာ.. ပြောလိုက်တဲ့
ချာတိတ်မလေး မျက်လုံးတွေက ကြိုက်နှစ်သက်တဲ့ စားစရာတွေကို စားခွင့်မရသေးလို့... သရေတမြားမြားနဲ့ ငေးကြည့်နေရတဲ့ အကြည့်မျိုးနှင့် ကြည့်နေတာမို့... တိုက်,မှာ ကျောထဲတောင် စိမ့်သွားသည်။

ကိုယ့် အိပ်ခန်းကိုလာပြီး မောင်ပိုင်စီးထားတဲ့ ကျားရဲမလေးကြောင့်... ညဝတ်အိပ်မယ့်
အဝတ်အစားကို အလုံခြုံစုံဖြစ်မယ့် ဟာ ကို ရွေးထုတ် နေရသည်။

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now