Part 33

742 38 0
                                    

                 ရင်ခုန်ခြင်း၏ အဓိပ်ပါယျ
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၃၃)

.

" ဘုန်း! "

" အား... လေးလိုက်တာ "

အိမ်ထဲရောက်တော့ မနိုင်မနင်းနဲ့ တွဲခေါ်လာရတဲ့
ဦးလေးကြီး၏ ကိုယ်ကြီးကို ထိုင်ခုံဆီမှာ ထိုင်စေလိုက်တာ.... မနိုင်တာကြောင့် ခုံပေါ်ကိုပစ်ကျသွားရသည်။

တခေတ်လည်း လေးလံတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဦးလေးကြီးကို ခုံပေါ်တွဲချပေးပြီးတော့မှ အသက်ဝအောင်ရှူနိုင်တော့သည်။

" အိပ်ထဲ ရောက်ပြီ၊ဖျာခင်းပေးမှာမို့လို့ အိပ်လိုက်တော့ "

တခေတ် ခုံပေါ်မှာ မျက်လုံးမှိတ်ပြီး ဘာမှပြန်မဖြေတဲ့ ဦးလေးကြီးကို တစ်ချက်ကြည့်ပြီး... အိပ်ရာခင်းပေးဖို့ လုပ်လိုက်သည်။တခေတ်ကတော့ မေမေ့အခန်းထဲမှာ ဝင်အိပ်မည်မို့...
ဦးလေးကြီးကို ခြင်ထောင်ပါ ထောင်ပေးလိုက်သည်။

တိုက်, အိပ်ရာခင်းနေတဲ့ သူမကို ခိုးကြည့်ပြီး ပြုံးနေမိ၏။ဒီညတော့ သူမနဲ့ ငြိမ်ချမ်းရေး ရအောင်ယူရမည်။

" ဦးလေးကြီး အိပ်ရာ ခင်းထားပြီ၊ထပြီးတော့
လာအိပ် "

" အင်း "

" ခြင်ထောင် ထောင်ပေးထားတယ်။အထဲကိုဝင်ပြီး အိပ်တော့... တခေတ်လည်း အခန်းထဲ သွားအိပ်ပြီ "

" အင်း... "

တခေတ် ခပ်လေးလေး အသံနဲ့ဖြေလာတဲ့ ဦးလေးကြီး ကို ကျောခိုင်းပြီး မေမေ့အိပ်ခန်းဆီ
ဦးတည်လိုက်သည်။

" ချပ်! အမေ့! "

တခေတ် တံခါးဖွင့်နေချိန် နောက်ကနေ သိမ်းဖက်တာကို ခံလိုက်ရတာကြောင့် လန့်သွားရသည်။

" ဦးလေးကြီး ဘာလုပ်တာလဲ တခေတ် ကို လွှတ်
"

ခါးပေါ်က ဖက်ထားတဲ့ လက်တွေကို ဖယ်ရင်း ပြောလိုက်တော့...

" ဖက်ထားချင်တယ် "

ပခုံးပေါ်ကို မေးတင်ပြီး ပြောတဲ့ သူက...
ဖက်ထားတဲ့ လက်တွေကို မဖယ်ပေးတဲ့ အပြင်
ပိုတိုးလို့ ဖက်လာ၏။

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now