ရင်ခုန်ခြင်း၏ အဓိပ္ပါယ် or ဦးရဲ့.... ချာတိတ် part 16

836 39 1
                                    

                 ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၁၆)
.
.
.

" ငါ့ကို ဘာလို့ ဒီနေရာကိုပဲ ထပ်ခေါ်လာပြန်တာလဲ ရှိန်းဆက်မာန် "

ဟိုနေ့က ယံ့,ကိုခေါ်လာတဲ့ အင်းယားကန်ဘက်ကို ပဲ ရှိန်းဆက်မာန်,က ထပ်ခေါ်လာတာမို့... ယံ, သည် အဲ့နေက အနမ်းခံရတာကို ပြန်အမှတ်ရပြီး၊မျက်နှာပင် ပူလာ၏။

" မောင်, လို့ ခေါ်  "

" ဘာ! "

သူ ဖြေတာက ယံမေးတဲ့ မေးခွန်းရဲ့ အဖြေမဟုတ်သလို... ယံ,မထင်ထားတဲ့ စကားဖြစ်နေတာမို့
တအံ့တသြ ဖြစ်သွားရသည်။

" ကျစ်! တစ်ခုခုပြောတိုင်း၊ဘာလို့ ထိတ်လန့်တကြား ဖြစ်နေရတာလဲ။ဘယ်သူက ခင်ဗျား ကို သတ်စားလို့များ ပြောနေလို့... အဲ့သလောက်တောင် လန့်ဖျန့်နေရတာလဲ... "

" သတ်စားမယ် ပြောမှ လန့်စရာမှ မဟုတ်တာ။တခြားလန့်စရာပြောရင်လည်း လန့်မှာပေါ့ကွ "

" မောင်,လို့ ခေါ်ခိုင်းတာက ခင်ဗျားအတွက် လန့်စရာပေါ့ "

" ဟုတ်တယ်။ ပြီးတော့ ငါ မခေါ်နိုင်ဘူး "

" ပြောစမ်းပါ။ အကြောင်းပြချက် က ဘာ! လဲ "

ဟု ဆိုပြီး မျက်နှာထားတင်းတင်းနဲ့ မေးတဲ့ သူက
ယံ,ထိုင်နေတဲ့ အနားကိုတိုးကပ် လာတာမို့... ယံ,မှာ ကားမှန်နဲ့ခန္ဓာကိုယ်ထိကပ်သည် အထိ
ဘေးဘက်ကို တိုးကပ်သွားရသည်။

" အကြောင်းပြချက် က ပြောဖို့ လိုသေးလို့လား။
မင်းနဲ့ငါ့ကြားမှာ မောင်,လို့ ခေါ်လောက်ရလောက်တဲ့အထိ ရင်းနှီးမူ့မရှိသေးဘူး။လက်ထပ်ဖို့ဖြစ်လာတာတောင် အရမ်းမြန်လွန်းနေတယ်။ငါ့အတွက် အချိန်တစ်ခုတော့ လိုတယ် "

" အချိန်လိုတယ်ပေါ့။အိုကေ... ကျွန်တော့်ကို မောင် လို့ ခေါ်ဖို့ အချိန်ပေးတယ် "

" အဲ့ဒါဆိုလည်း မင်း နောက်ကို နည်းနည်း ဆုတ်ပေး။နေရတာ ကျဥ်းကျပ်တယ် "

ယံ,ပြောရင်းနဲ့ လက်ကပါ သူ့ရင်ဘတ်ကို တွန်းထုတ်လိုက်သည်။

ဆက်, ကိုယ့်အား တွန်းထုတ်ပြီး၊နောက်ဆုတ်ခိုင်းတဲ့ သူကို ဘုကြည့်ကြည့်၍... အသာနောက်ဆုတ်
ပေးလိုက်သည်။

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Onde as histórias ganham vida. Descobre agora