Part 30

812 45 3
                                    

               ရင်ခုန်ခြင်း၏ အဓိပ္ပါယ်
                                 or
                       ဦးရဲ့.... ချာတိတ် 

                           အခန်း   (၃၀)
.

" မေမေ တခေတ် အပြင် သွားလိုက်အုံးမယ် "

ဒေါ်သန္တာ အခန်းထဲမှာ အိပ်ဖို့ လုပ်နေချိန်...
သမီးမှ အခန်းထဲ ဝင်လာပြီး ပြောသည်။

" အပြင် ဘာလုပ်ဖို့လဲ။အိပ်ချိန်တောင်ရောက်နေပြီလေ ငါ့သမီး "

" မေမေ့အချစ်ဆုံး သမက်ကြီးက ဘားမှာ မူးနေလို့ သွားခေါ်ရမယ်။ဝိတ်တာက အမြန်လာပေးဖို့
ပြောနေလို့ တခေတ် သွားလိုက်အုံးမယ် မေမေ "

" တစ်ယောက်တည်းလား... မေမေ အဖော်လိုက်ခဲ့ရမလား "

" အစ်ကိုဖြိုးသူ ကို ဖုန်းဆက်ထားတယ် "

" ဟုတ်လား။ အဲ့ဒါဆိုလည်း အမြန်သွားလေ "

" ဟုတ်ကဲ့ "

တခေတ်,မေမေ့ကို ပြောပြီးတာနဲ့ အိမ်ကနေ အမြန်ထွက်လာခဲ့လိုက်သည်။

...........

" အစ်ကိုဖြိုးသူ အခု လာနေတာ၊ဘယ်နားရောက်ပြီလဲ။တခေတ် က ရောက်နေပြီ "

" အစ်ကို နောက်ဆယ်မိနစ်ဆိုရင် ရောက်ပြီ
တခေတ် "

" အာ့ဆို တခေတ် အရင်ဝင်နှင့်မယ်။အစ်ကိုဖြိုးသူ ရောက်လာရင် အထဲသာ ဝင်လာခဲ့လိုက်တော့ "

" အင်း "

တခေတ် ဖုန်းချပြီးတာနဲ့ ဝိတ်တာ ညွှန်ပြထားတဲ့ စားပွဲဝိုင်းဆီကို လျှောက်သွားလိုက်သည်။

" ညီမလေးက ဒီအစ်ကို့ကို လာခေါ်တာလား "

တခေတ် ဦးလေးကြီးရှိနေတဲ့ စားပွဲဝိုင်း နေရာကိုရောက်တော့... စားပေါ်မှာ ဦးလေးကြီးနဲ့ ခေါင်းချင်းဆိုင်ကာ... မှောက်နေတဲ့ ဆက်ရဲ့ပခုံးကို လှုပ်၍ ခေါ်နေတဲ့ အစ်ကိုတစ်ယောက်က
တခေတ်ကိုမေးလာတာပဲ ဖြစ်သည်။

" ဟုတ်ပါတယ်။အစ်ကို က ဆက် ကို လာခေါ်တာ ထင််တယ် "

" ဟုတ်တယ်။ နှစ်ယောက် က ဘယ်လောက်တောင် သောက်ထားကြလဲ မသိဘူး "

" ဘယ်လောက်သောက်ထားလဲဆိုတာထက်၊အကြောမတည့်တဲ့ နှစ်ယောက်က တစ်ဝိုင်းတည်း အတူထိုင်ပြီး၊မှောက်တဲ့အထိ သောက်နေတာက
ထူးဆန်းနေတာ အစ်ကို "

ရင်ခုန်ခြင်း၏ အဓိပ္ပါယ်  Completed Where stories live. Discover now